အစပ်ကြိုက်တတ်သူများနောက်ကွယ်က science facts များ

သင်ဟာ အစပ်ကြိုက်တတ်သူအစပ်လေးပါမှ ထမင်းစားတတ်သူဆိုရင် ဒီ post ဟာသင့်အတွက်ပါ။ သင်ဟာ အစပ်မကြိုက်တတ်သူဆိုရင်လဲစပ်တာတခုခုစားမိတိုင်း ရေသောက်မိနေတယ်ဆို ဒီ post က သင့်အတွက်လဲဖြစ်သွားနိုင်ပါတယ်။ သင့်လိုပဲ အစပ်ကြိုက်တဲ့သူတွေ တကမ္ဘာလုံးမှာ သန်းနဲ့ချီရှိပါတယ်။ အရှေ့တောင်အာရှမှာဆို ထိုင်း ၊ အင်ဒိုနီးရှား ၊ မလေးရှား တို့အပြင် တရုတ် ၊ အိန္ဒိယ ၊ ပါကစ္စတန် ၊ အနောက်ဥရောပနိုင်ငံများ နဲ့ အမေရိကန်နိုင်ငံ ၊အာဖရိက စတဲ့ နိုင်ငံတွေမှာပါChili heads များ Chili crazy များကိုတွေ့နိုငိပါတယ်။ ထူးဆန်းတာက လူသားတွေရဲ့ လျှာမှာ အစပ်အရသာကို အာရုံခံတဲ့ အာရုံခံဖု (taste receptor) မပါပါဘူး။ လူသားတွေရဲ့ လျှာမှာ တွေ့ရတဲ့ အာရုံခံအဖုတွေကအချိုအရသာ (sweetContinue reading “အစပ်ကြိုက်တတ်သူများနောက်ကွယ်က science facts များ”

Ping မရှိသောဂိမ်းနှင့် Quantum Entanglement (Quantum Mechanics Part 6)

Quantum Mechanics ရဲ့စိတ်ဝင်စားစရာကောင်းတဲ့အပိုင်းကို ရောက်လာပါပြီ။Quantum Entanglement ဆိုတာ Particle နှစ်ခုချိတ်ဆက်သွား (Connect) တဲ့အခါမျိုးကိုခေါ်တာပါ။အဲ့ဒီလိုချိတ်ဆက်သွားတဲ့အတွက် Particle တစ်ခုရဲ့လက္ခဏာတစ်ခုကိုပြောင်းလဲလိုက်တာနဲ့ ဘယ်လောက်ကွာဝေးနေပါစေ သူနဲ့ချိတ်ဆက်နေတဲ့ Particle ပါ “ချက်ချင်း” လိုက်ပြီး ဆန့်ကျင်ဘက်ကိုပြောင်းလဲသွားပါတယ်။Particle တွေမှာ လည်ပတ်မှု (Spin) ဆိုတာရှိပါတယ်။ ကိုယ့်ဘာသာလည်ပတ်နေကြတာပါ။ ဆန့်ကျင်ဘက်ပြောင်းသွားတယ်ဆိုတာ Spin ပြောင်းတာကိုပြောချင်တာပါ။ ချိတ်ဆက်နေတယ်ဆိုတိုင်း ကြိုးတစ်ချောင်းကြားထဲမှာရှိရမယ်ဆိုပြီး မမြင်သင့်ပါ။ Wifi ကို connect လုပ်သလိုမျိုးမြင်ကြည့်ပါ။(ပုံတွေမှာတော့ မြင်လွယ်အောင် ကြိုးတစ်ချောင်းနဲ့ချိတ်ထားသလို ဆွဲလေ့ရှိကြတယ်) ဒါလေးများအဆန်းလုပ်လို့ဆိုပြီး ပြောစရာရှိပါတယ်။ မြင်လွယ်အောင် ရှင်းပြပါမယ်။Online Game ဆော့တဲ့အခါမှာ Ping ဆိုတာလူတိုင်းကြားဖူးမှာပါ။ Ping နည်းလေကောင်းလေပါပဲ၊ ဒါမှ Lag မဖြစ်မှာကို။ကိုယ်က ခလုတ်တစ်ခုနှိပ်တဲ့အခါတိုင်း အဲ့ဒီ information ကို serverContinue reading “Ping မရှိသောဂိမ်းနှင့် Quantum Entanglement (Quantum Mechanics Part 6)”

ကြောင်မျက်လုံးများ ညဖက်တွင် အရောင်တောက်ရခြင်း နှင့် ကားလမ်းပေါ်က Cat Eyes များ

ညဖက် အမှောင်ထဲတွင် ကြောင်မျက်လုံးများ အရောင်တောက်နေတာကို စာဖတ်သူတို့ မြင်ဖူးကြုံဖူးကြမှာပါ။ လူသားတွေမှာတော့ အဲ့လိုမျက်လုံးအရောင်လင်းတာမျိုး မရှိကြပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကြောင်အပါအဝင် အခြားသော ညဖက်ကျက်စားတတ်တဲ့တိရစ္ဆာန်များရဲ့ မျက်လုံးမှာ အစိတ်အပိုင်းတခုအပို ပါဝင်နေလို့ပါပဲ။ အဲ့အစိတ်အပိုင်းလေးကို Tapetum lucidum လို့ခေါ်ပါတယ်။ Tapetum lucidum ဆိုတာ အလင်းပြန်တတ်တဲ့ အလွှာလေးတခုဖြစ်ပြီး မြင်လွှာ retina ရဲ့အနောက်မှာတည်ရှိပါတယ်။ သူရဲ့ အလင်းပြန်တတ်တဲ့ ဂုဏ်သတ္တိနဲ့ ညဖက်မှာ မြင်လွှာပေါ်ကို အလင်းတွေပိုရောက်အောင်လုပ်ပေးပြီး အမှောင်ထဲမှာပိုမြင်ရအောင် ကူညီပေးပါတယ်။ Tapetum lucidum က အရောင်ပြန်ဟပ်စေတတ်တဲ့သဘာဝရှိလို့ ကြည့်တဲ့ရူထောင့်ပေါ်မူတည်ပြီး အရောင်ပြောင်းနိုင်ပါတယ်။ ဒါကြောင့် တိရစ္ဆာန်တကောင်နဲ့တကောင် မျက်လုံးအရောင်ထွက်ပုံခြင်းမတူပါဘူး ကျားနဲ့ ကြောင်များတွင် အစိမ်းဖန့်ဖန့်တွေ့ရပြီး ခွေးများတွင်မူ အဖြူသမ်း၍ ဘေးဖက်တွင်အပြာရောင်ထွက်လေ့ရှိပါတယ်။ ဤကဲ့သို့ ကြောင်များတွင် ညဖက်မျက်လုံးလင်းတာကို အတုယူ၍Continue reading “ကြောင်မျက်လုံးများ ညဖက်တွင် အရောင်တောက်ရခြင်း နှင့် ကားလမ်းပေါ်က Cat Eyes များ”

ကောင်းကင်ယံက အတိတ်နေ့စွဲများ

ညအချိန်မှာကောင်းကင်ကို မော့မကြည့်ဖူးတဲ့သူ မရှိနိုင်ပါဘူး။လတစ်စင်းနဲ့ ကြယ်တွေကိုကြည့်ရင်း ဖွဲ့သီခဲ့တဲ့ကဗျာတွေ၊ ဆိုခဲ့တဲ့တေးသွားတွေလည်း မနည်းလှပါဘူး။ရှေးယခင်က တစ်နေရာကနေတစ်နေရာကို ခရီးသွားရင် လမ်းမပျောက်အောင် ကြယ်တွေကိုပဲ အမှတ်အသားပြုခဲ့ကြရတယ်။သို့သော် ကျွန်ုပ်တို့ညစဉ်ကောင်းကင်ကိုကြည့်တိုင်း မြင်တွေ့ရသော ကြယ်၊လ အကုန်လုံးဟာ အတိတ်ကာလမှ လက်ရှိပစ္စုပ္ပန်ကာလအပေါ် သက်ရောက်နေမှုတစ်ခုသာဖြစ်တယ်လို့ဆိုရင် စာဖတ်သူလက်ခံနိုင်ပါသလား။ ရှင်းလင်းသွားစေဖို့ အလင်းရဲ့အလုပ်လုပ်ပုံကို အရင် ပြောဖို့လိုတယ်။အရာဝတ္ထုတစ်ခုကိုမြင်နိုင်ဖို့ အဲ့ဒီဝတ္ထုက ထွက်လာတဲ့အလင်း ကျွန်ုပ်တို့မျက်စိထဲက မြင်လွှာပေါ်ကိုရောက်ဖို့လိုအပ်တယ်။အလင်းရဲ့အလျှင်ကို အထက်တန်းရူပဗေဒမှာ သင်ခဲ့ရတော့ မစိမ်းကြဘူးလို့ထင်ပါတယ်။၁စက္ကန့်ကို မိုင်ပေါင်း ၁၈၆၀၀၀ (186,000 miles per second) ရှိပါတယ်။ကမ္ဘာနဲ့လ ၂၃၈၈၅၅ မိုင်ကွာဝေးပါတယ်။ လရဲ့အလင်းကမ္ဘာကိုရောက်ဖို့ ၁စက္ကန့်ကျော်ကြာပါတယ်။ဒါကြောင့် ညအချိန်မြင်ရတဲ့လသည် လွန်ခဲ့တဲ့အတိတ် ၁စက္ကန့်ကျော်က လဖြစ်တယ်။ လမှာဖြစ်သမျှ ကျွန်ုပ်တို့ ၁စက္ကန့်ကျော်ကြာမှသိရတယ်။ ကမ္ဘာနဲ့နေ မိုင်ပေါင်း ၉၃သန်းကွာဝေးတယ်။နေရဲ့အလင်းကမ္ဘာကို ရောက်ဖို့ ၈မိနစ်နဲ့ စက္ကန့်Continue reading “ကောင်းကင်ယံက အတိတ်နေ့စွဲများ”

ယောကျာ်းနို့သီးခေါင်းနှင့် Evolution

ဆင့်ကဲပြောင်းလဲမှုသီအိုရီ (Evolution) ကို အစပြုဖော်ထုတ်ပြီး သူ့ခေတ်ရဲ့ ပြဿနာတစ်ခုဖြစ်တဲ့ သက်ရှိတွေဘယ်ကဖြစ်လာသလဲဆိုတာကို ဖြေရှင်းခဲ့တာကတော့ Charles Darwin ပါ။ကျွန်ုပ်တို့ခန္ဓာကိုယ်မှာ အရင်ကအသုံးဝင်ခဲ့ပြီး အခုအသုံးမဝင်တော့တဲ့ အစိတ်အပိုင်းတွေရှိနေပါတယ်။အဲ့ဒီပြဿနာကို ဆင့်ကဲပြောင်းလဲမှုသီအိုရီက ဖြေရှင်းပေးနိုင်ပါတယ်။ ယောကျာ်းရဲ့နို့သီးခေါင်း (Male’s Nipples) မိန်းမတွေမှာ နို့တိုက်ဖို့အတွက် နို့သီးခေါင်းဟာ လိုအပ်ပေမယ့် ယောကျာ်းမှာ ဘာအတွက်မှမလိုအပ်ပါဘူး။မလိုအပ်ဘဲဘာကြောင့်ရှိနေရသလဲဆိုရင် အမေ့ဝမ်းဗိုက်ထဲမှာနေခဲ့ရတဲ့ သန္ဓေသားဘဝကိုပြန်သွားရပါမယ်။ယောကျာ်း၊မိန်းမ လိင်မသဲကွဲခင်ကာလမှာ ကျွန်ုပ်တို့အားလုံးသည် မိန်းကလေးအဖြစ်နဲ့ရှိခဲ့ကြတယ်။ယောကျာ်းအဖြစ် ဘာကပြောင်းလဲသွားစေလဲဆို ယောကျာ်းဖြစ်ဖို့မျိုးရိုးဗီဇသယ်လာသော သုတ်မှာပါတဲ့ ယောကျာ်းဟော်မုန်း (Testosterone) ကြောင့်ပဲဖြစ်တယ်။ မြီးညောင်ရိုး (Coccyx) ကျွန်တော်တို့ရဲ့လူ (Homo sapiens) မဟုတ်သေးသော ဘိုးဘေးဘီဘင်တွေမှာ အမြီးတွေရှိခဲ့ကြတယ်။ သူတို့အတွက် အမြီးဟာရွေ့လျားဖို့နဲ့ ခန္ဓာကိုယ်ဟန်ချက်အတွက် အသုံးဝင်ခဲ့တယ်။လူဟာ မတ်မတ်လျောက်နိုင်လာတဲ့အချိန်ကစပြီး အမြီးရဲ့အထောက်အပံ့ယူစရာမလိုတော့ဘူး။Natural Selection ဟာ မလိုတော့ရင် ပေကပ်မနေတတ်တဲ့ သဘောရှိတဲ့အတွက်Continue reading “ယောကျာ်းနို့သီးခေါင်းနှင့် Evolution”

Design a site like this with WordPress.com
Get started