Artificial Intelligence (AI) နဲ့လူတွေ သဟဇာတဖြစ်နိုင်လား?

Artificial Intelligence ဆိုတာဘာလဲ သိကြမယ်ထင်ပါတယ်။ ကျွန်တော်တို့ရဲ့ လက်ကိုင်ဖုန်းတွေ၊ ကားတွေထဲမှာ လူတွေပြောတာကို နားထောင်ပေးပြီး ခိုင်းသလိုလုပ်ပေးတာဟာ AI တွေဆိုတာ သိကြမှာပါ။ ဒါပေမယ့် ဒါက ရိုးရှင်းပါသေးတယ်။ အခုပြောပြချင်တာက AI တွေ ကြီးစိုးမယ့် အနာဂတ်တစ်ခုအကြောင်းပါ။ ဒီနယ်ပယ်မှာ အလုပ်လုပ်နေကြတဲ့ ပညာရှင်တွေ အကုန်လုံး သဘောတူထားတဲ့ အချက်တစ်ခု ရှိပါတယ်။ အဲ့ဒါကတော့ အနာဂတ်မှာ လူတွေအတွက် ဆုံးဖြတ်ချက်ချဖို့ AI တွေလက်ထဲကို ထည့်ရမယ်ဆိုတာပါ။ ဒီနေရာမှာ AI ဆိုတာ စက်ရုပ်တစ်ခုဖြစ်နိုင်သလို၊ လူတွေတိုင်ပင်နိုင်မယ့် ကွန်ပြူတာ တစ်လုံးလည်း ဖြစ်နိုင်ပါတယ်။ အခု ပညာရှင်တွေ ငြင်းခုန်နေကြတာက AI တွေဟာ လူတွေဆီကနေ ဆုံးဖြတ်နိုင်ခွင့်ကို လုယူသွားမလား… ငြင်ငြင်သာသာပဲလွှဲပြောင်းသွားမလား ဆိုတာပါ။ အနာဂတ်ဆိုတော့ ဘယ်လောက်ဝေးဝေးလဲလို့Continue reading “Artificial Intelligence (AI) နဲ့လူတွေ သဟဇာတဖြစ်နိုင်လား?”

မောင်ရေခဲဘာကြောင့် ရေပေါ်ပေါ်နေရသလဲ?

ရေခဲတုံးက အစိုင်အခဲဖြစ်ပေမယ့် ရေပေါ်မှာကျ ပေါလောပေါ်နေတာကို သတိထားမိပါသလား။ ဘာလို့ဒီလိုဖြစ်ရတာလဲ။ ဒီလိုဖြစ်တဲ့အတွက် ဘာအကျိုးကျေးဇူးတွေရသလဲ။ အရည်တခုမှာ ပေါလော ပေါ်တယ်မပေါ်ဘူးဆိုတာ အရာဝတ္ထုရဲ့ သိပ်သည်းခြင်း Density ပေါ်မူတည်ပါတယ်။အရည်ထက် သိပ်သည်းတဲ့ပစ္စည်းဆိုရင် မြုပ်သွားမှာဖြစ်ပြီး အရည်ထက် သိပ်သည်းခြင်းနည်းတဲ့ပစ္စည်းဆိုရင် ပေါလောပေါ်နေမှာဖြစ်ပါတယ်။ ဒါဆိုရင် ရေခဲက ရေပေါ်မှာ ပေါ်တယ်ဆိုတော့ ရေခဲက ရေလောက် density မများလို့ဆိုတာ ခန့်မှန်းမိမှာပါ။ တကယ်ပဲ ရေခဲက ရေနဲ့ယှဥ်ရင် 9% လောက် သိပ်သည်းဆပိုနည်းပါတယ်။ ရေကို Hydrogen ရယ် oxygen ရယ်နဲ့ဖွဲ့စည်းထားပြီး H2O ဆိုတဲ့ molecule အနေနဲ့နေပါတယ်။ Water molecules အချင်းချင်းကြားထဲမှာ hydrogen bond တွေက ဖြစ်လိုက်ပျက်လိုက်နဲ့ မတည်မငြိမ်ဖြစ်နေပါတယ်။ ရေကို အပူပေးလိုက်ရင် kineticContinue reading “မောင်ရေခဲဘာကြောင့် ရေပေါ်ပေါ်နေရသလဲ?”

ရေကို ချီးကျူးစကားပြောရင် ပုံဆောင်ခဲလှလှထွက်တယ်ဆိုတဲ့ စမ်းသပ်ချက်နဲ့ Fringe science

ဒီအကြောင်းကို ရေးဖြစ်တာကတော့ ပန်းသီးကောင်း ပန်းသီးဆိုး စမ်းသပ်ချက်နဲ့ ဆင်တူလို့ တခါတည်းဆက်ရေးလိုက်တာပဲဖြစ်ပါတယ်။ ပန်းသီးစမ်းသပ်ချက်ကို ဖတ်ချင်ရင် အောက်မှာဖတ်ပေးပါ။ ပန်းသီးကောင်း၊ ပန်းသီးဆိုး စမ်းသပ်ချက်နဲ့ Junk sciencehttps://ouo.io/Yeh4L5 ကျနော်ငယ်ငယ်တုန်းက မဂ္ဂဇင်းတခုမှာ စမ်းသပ်ချက်တခုကို ဖတ်ရပါတယ်။ စမ်းသပ်တဲ့သူကတော့ ဂျပန်က သိပ္ပံပညာရှင်အမည်ခံ ဒေါက်တာ Masaru Emoto ဆိုသူပါ။ သူစမ်းတာကဘာလဲဆိုတော့ရေ ၂ခွက်ကို ယူပြီး တခွက်ကို ချီးကျူးစကားပြောတယ်။ နောက်တခွက်ကိုကျတော့ ရိုင်းစိုင်းတဲ့စကားတွေပြောတယ်။ အဲ့ ၂ခွက်ကရေကို ရေခဲအောင်လုပ်ပြီး ဓာတ်ပုံရိုက်ကြည့်တဲ့အခါ ထူးဆန်းတာကိုတွေ့ရတယ်တဲ့။ ကောင်းတဲ့စကားပဲကြားရတဲ့ရေက crystal ပုံလှလှလေးတွေ၊ အရောင်ကြည်ကြည်လေးတွေထွက်လာတယ်တဲ့။ ရိုင်းစိုင်းတဲ့စကားကိုပဲ ကြားရတဲ့ရေကတော့ နောက်ကျိလာပြီး ဓာတ်ပုံမှာ ပုံဆိုးပန်းဆိုးတွေထွက်လာတယ်ပေါ့။ အဲ့တာက power of words စကားလုံးတွေရဲ့စွမ်းပကားပါပေါ့။ သက်မဲ့ရေတောင်မှ ကြာလာရင် စကားသံတွေကိုလိုက်ပြီးContinue reading “ရေကို ချီးကျူးစကားပြောရင် ပုံဆောင်ခဲလှလှထွက်တယ်ဆိုတဲ့ စမ်းသပ်ချက်နဲ့ Fringe science”

ပန်းသီးကောင်း၊ ပန်းသီးဆိုး စမ်းသပ်ချက်နဲ့ Junk science

တလောကပဲ စာဖတ်သူတယောက်က Facebook က post တခုကိုလာပြပြီး ဒီစမ်းသပ်ချက်ဖြစ်နိုင်သလား ဆိုတာကို လာမေးထားပါတယ်။ အဲ့အကြောင်းလေးကို ဒီ post မှာရှင်းပြသွားပါမယ်။ အဲ့ post လေးရဲ့ အကျဥ်းချုပ်ကတော့ ပန်းသီးကို ခြမ်းပြီး ပုလင်း ၂လုံးထဲခွဲထည့်ထားမယ်။ တပုလင်းမှာ Good apple ဆိုပြီးရေးတယ်။ နောက်တပုလင်းမှာ Bad apple ဆိုပြီးရေးတယ်။ ပြီးရင် Good apple ပုလင်းကို နေ့တိုင်း ချီးကျူးစကားတို့ ချိုသာတဲ့စကားတို့ ပြောမယ်။ သီချင်းသံချိုချိုလေးတွေ နေ့တိုင်း ဖွင့်ပြမယ်။ Bad apple ပုလင်းကိုကျတော့ ဆဲဆိုစကားတွေ၊ အပြစ်တင်စကားတွေ၊ ကဲ့ရဲ့စကားတွေပြောမယ်။ တဖြေးဖြေးနဲ့ ပန်းသီး ၂လုံးက ပြောင်းလဲလာမယ်။ ရိုင်းစိုင်းတဲ့စကားသံတွေကြားရတဲ့ Bad apple က တဖြေးဖြေးContinue reading “ပန်းသီးကောင်း၊ ပန်းသီးဆိုး စမ်းသပ်ချက်နဲ့ Junk science”

ဘာမြူဒါတြိဂံ (Bermuda Triangle) အကြောင်း

ဘာမြူဒါတြိဂံ ဘာလဲဆိုတာ တော်တော်များများရိပ်ဖမ်းသံဖမ်း သိကြမှာပါ။ ဒီနေရာမှာ လေယာဉ်တွေ၊ သင်္ဘောတွေပျောက်ကုန်တယ်၊ လူတွေအများကြီး သေကုန်တယ်။ ဒါကို မကောင်းဆိုးဝါးတြိဂံ (Devil’s Triangle) လို့လည်းခေါ်ကြပါတယ်။ဒီတော့ ထုံးစံအတိုင်းပဲ လူတွေက သူတို့မဖြေရှင်းနိုင်တဲ့ကိစ္စဆိုရင် သဘာဝလွန်ပဲဆိုပြီး ပြောကြတာပေါ့။ ဒီနေရာမှာ လူတွေသေတာ ဂြိုလ်သားတွေကြောင့်၊ ရေထဲက မကောင်းဆိုးဝါးကြီးကြောင့် စသဖြင့် ပြောကြသလို တချို့ကလည်း ဘာမြူဒါတြိဂံဟာ ရေအောက်ကမ္ဘာကို သွားဖို့တခါးပေါက်လို့ ပြောကြပါတယ်။တချို့ကတော့ ပိုပြီး Next Level ဖြစ်ပါတယ်။ ဘာမြူဒါတြိဂံဟာ ဒိုင်မန်းရှင်း နောက်တစ်ခုဆီသွားတဲ့ Wormhole တစ်ခုဖြစ်ပါတယ်လို့ ဆိုကြပါတယ်။ ဒါတွေအကုန်လုံးက အခြေအမြစ်မရှိပါဘူး။ ဘယ်က စလဲဆိုတော့ ထုံးစံအတိုင်း Hollywood ပါပဲ။ သူတို့ရဲ့ရုပ်ရှင်တွေမှာ ကြည့်တဲ့သူစိတ်ဝင်စားအောင် ဘာမြူဒါတြိဂံအကြောင်း ချဲ့ကားမှုတွေ ပြုလုပ်ထားတာပါ။ ဒီတော့ ဘာမြူဒါတြိဂံဆိုတာContinue reading “ဘာမြူဒါတြိဂံ (Bermuda Triangle) အကြောင်း”

Design a site like this with WordPress.com
Get started