အလိမ်ဖော်စက်ကတကယ်ပဲ အလုပ်ဖြစ်သလား?

အလိမ်ဖော်စက်တွေကို ရုပ်ရှင်တွေထဲမှာပဲဖြစ်ဖြစ်၊ စာအုပ်တွေထဲမှာပဲဖြစ်ဖြစ် မြင်ဖူးကြမှာပါ။ အလိမ်ဖော်စက်ဆိုပြီး လက်ထည့်ပြီးစမ်းရတဲ့စက်အသေးလေးတွေလဲ စျေးကွက်ထဲမှာရှိပါတယ်။ ကျနော်မြင်ဖူးတဲ့စက်ကလေးတွေက Running man ကြည့်တုန်းကပါ။ လက်ကွင်းစွပ်ပြီး မှားရင် ဓာတ်လိုက်သလိုကျဥ်သွားတာမျိုးပါ။ Running man အစောပိုင်း episode တခုမှာလဲ အလိမ်ဖော်စက်ဆိုပြီး နှလုံးခုန်နှုန်းတွေကိုတိုင်းတာ မေးခွန်းတွေမေးတာ ကြည့်ဖူးပါသေးတယ်။ ဒါဆို အလိမ်ဖော်စက်တွေကဘယ်လိုအလုပ်လုပ်သလဲ? တကယ့်အလိမ်ဖော်စက်အစစ်ကတော့ Polygraph လို့ခေါ်တဲ့စက်ပါ။ စထွင်ခဲ့တဲ့သူတွေထဲမှာမှ အထင်ကရ ရှိတာက ၁၉၂၁ခုနှစ် အမေရိကန်၊ ကယ်လီဖိုးနီးယားပြည်နယ်၊ Berkeley ရဲစခန်းက ရဲအုပ်တယောက်နဲ့ ဆေးကျောင်းသား John Augustus Larson တို့ပဲဖြစ်ပါတယ်။ Polygraph က လူတွေလိမ်ညာရင်ဖြစ်လာတဲ့ ဇီဝကမ္မပြောင်းလဲမှုကိုတိုင်းတာ တာဖြစ်ပါတယ်။ ဘာတွေတိုင်းလဲဆိုတော့၁။ နှလုံးခုန်နှုန်း (heart rate)၂။ အသက်ရှူနှုန်း (breathing rate)၃။ သွေးပေါင်ချိန်Continue reading “အလိမ်ဖော်စက်ကတကယ်ပဲ အလုပ်ဖြစ်သလား?”

အလင်းအလျှင်ထက်မမြန်ဘဲ အလင်းသွားသလို သွားနိုင်သလား?

အရင်တစ်ပိုင်းတုန်းက အလင်းထက်မြန်အောင် ဘယ်လိုသွားလို့ရမလဲဆိုတာကို ပြောပြီးပါပြီ။ အလင်းထက်မြန်အောင် တကယ်ပဲသွားလို့မရဘူးလား?https://ouo.io/hA5Avn အဲ့ဒီမှာ Alcubierre Drive အကြောင်းပြောခဲ့ပါတယ်။ သူက Negative Energy လိုတဲ့အတွက် လက်တွေ့မှာမဖြစ်နိုင်ဘူးလို့ ပညာရှင်တွေက ဆိုပါတယ်။ အကြောင်းကတော့ Negative Energy ဆိုတာ သီအိုရီထဲမှာပဲရှိပြီး လက်တွေ့မှာ ရှာမတွေ့သေးလို့ပါ။ Alcubierre တင်ခဲ့တဲ့ Paper ကနေ Inspire ဖြစ်သွားပြီး လက်တွေ့မှာလည်း ဖြစ်နိုင်တဲ့ Warp Drive တစ်ခုကို ပညာရှင်တွေက ထပ်ပြီးစဉ်းစားလိုက်ကြပါတယ်။ အခု အဲ့ဒီအကြောင်း ပြောချင်တာပါ။ Alcubierre Drive မှာတုန်းက Spaceship ပတ်ပတ်လည်မှာ ပူပေါင်း (Bubble) တစ်ခုဖြစ်လာအောင် လုပ်ခိုင်းပါတယ်။ ဘာလို့လဲဆိုတော့ Spaceship တည်ရှိနေတဲ့ Bubble ထဲက SpacetimeContinue reading “အလင်းအလျှင်ထက်မမြန်ဘဲ အလင်းသွားသလို သွားနိုင်သလား?”

လက်အိတ်ဝတ်ပြီးဖုန်းသုံးရင် touch screen အလုပ်လုပ်သလား?

ဒီခေါင်းစဥ်ကိုပြောပြဖို့အတွက် အရင်ဆုံး Touch screen တွေဘယ်လို အလုပ်လုပ်သလဲသိဖို့လိုလာပါပြီ။ Touch screen တွေအလုပ်လုပ်ပုံက အဓိက ၂ မျိုး၂စားရှိပါတယ်။ ပထမတမျိုးက Resistive touchscreen ပါ။ သူက ထိတွေ့မှုရဲ့ pressure ကိုသိပြီးအလုပ်လုပ်တာပါ။ ဒီစနစ်မှာ ကြည်လင်တဲ့အလွှားပါး၂ချပ်ရှိပြီး သူတို့ကြားမှာ နေရာသေးသေးလေး ဟထားပါတယ်။ လူကထိတွေ့လိုက်တဲ့အခါမှ အလွှာ၂ချပ်ကပူးကပ်သွားပြီး လျှပ်စစ်စီးသွားပါတယ်။ အဲ့လိုနည်းနဲ့ ထိတွေ့တဲ့နေရာသိတာဖြစ်ပါတယ်။ Resistive touchscreen တွေက ဘာနဲ့ပဲထိထိ pressure ရရင်ကိုအလုပ်လုပ်ပါတယ်။ လက်ချောင်းပဲဖြစ်ဖြစ်၊ လက်အိတ်ပဲဝတ်ထားထား၊ တုတ်ချောင်းနဲ့ပဲထိထိ ဘာနဲ့ထိထိ အလုပ်လုပ်ပါတယ်။ ဒီဟာက ဘယ်နေရာတွေမှာသုံးလဲဆိုတော့ စက်ရုံအလုပ်ရုံတွေမှာဖြစ်ဖြစ်၊ လူအများသုံးတဲ့ Atm စက်လိုမျိုးနေရာဖြစ်ဖြစ် စတဲ့စက်ပစ္စည်းတွေမှာ အသုံးများပါတယ်။ အားသာချက်က ဘာနဲ့ထိထိ ထိမှန်းသိလို့ လက်အိတ်စွပ်ထားလဲ ATM စက်တွေကိုသုံးလို့ရပါတယ်။Continue reading “လက်အိတ်ဝတ်ပြီးဖုန်းသုံးရင် touch screen အလုပ်လုပ်သလား?”

ပင့်ကူက သူ့အမျှင်နဲ့သူဘာလို့ ပြန်မကပ်ရတာလဲဆိုတဲ့ ပင့်ကူပုံပြင်

ဒီတခါမှာလဲ မောင်ပင့်ကူအကြောင်း ထူးဆန်းတာလေးတွေဖတ်မိလို့ ပင့်ကူပုံမပါဘဲ ရေးပေးလိုက်ပါတယ်။ ပင့်ကူဆိုတာနဲ့ spiderman ကိုပြေးမြင်မိကြမှာပါ။ Spiderman ဆိုရင် ကြိုးမျှင်တွေထုတ်ထုတ်ပြီး လိုတဲ့ပစ္စည်းလှမ်းယူလို့ရတာတို့ ၊ အဆောက်အအုံတွေကို ခုန်ကူးပြီး သွားလို့ရတာတို့ကို မြင်ရတိုင်း spiderman ဖြစ်ချင်ခဲ့တာ ကလေးဘဝရဲ့အိပ်မက်ပါပဲ။ ပင့်ကူကို ထူးခြားအောင်လုပ်ပေးတဲ့အထဲမှာ သူ့ရဲ့အမျှင်လဲပါဝင်ပါတယ်။ ပင့်ကူမျှင်ကို လုံလောက်တဲ့အရွယ်အစားသာ ထုတ်လုပ်နိုင်မယ်ဆိုရင် steel ကြိုးထက်ပိုပြီး ခိုင်ခံ့မယ်…တခြားအရာဝတ္ထုတွေထက် ပိုပြီးအကြမ်းခံမယ်လို့ယူဆကြပါတယ်။ တချိန်မှာ ပင့်ကူမျှင်တွေကို ကြိုးအဖြစ်သုံးလာနိုင်ဖို့ တီထွင်လေ့လာနေကြပါတယ်။ ပင့်ကူအိမ်တွေကို အိမ်ထဲမှာ အခန်းထဲမှာတွေ့တဲ့အခါ အကောင်လေးတွေ ကပ်ငြိနေတာကိုမြင်ဖူးကြမှာပါ။ပင့်ကူအမျှင်မှာလာကပ်တဲ့ အကောင်ပလောင်တွေကို ပင့်ကူကအေးအေးဆေးဆေး ဖမ်းစားလိုက်ရုံပါပဲ။ ဒါဆိုမေးစရာရှိတာက ဘာလို့ပင့်ကူမျှင်တွေက ပင့်ကူကိုယ်တိုင်ကို ပြန်မကပ်တာလဲ။ ပင့်ကူအိမ်မှာ ပင့်ကူကဘယ်လို လျှောက်သွားနေနိုင်တာလဲပေါ့။ ဒီအကြောင်းကိုစပြောရရင် ပင့်ကူက အစွမ်းသတ္တိမတူညီတဲ့ ပင့်ကူမျှင် ၇မျိုးလောက်ကိုထုတ်နိုင်ပါတယ်။ ပင့်ကူအိမ်မှာရှိတဲ့Continue reading “ပင့်ကူက သူ့အမျှင်နဲ့သူဘာလို့ ပြန်မကပ်ရတာလဲဆိုတဲ့ ပင့်ကူပုံပြင်”

အလင်းထက်မြန်အောင် တကယ်ပဲသွားလို့မရဘူးလား?

အလင်းဟာ စကြဝဠာကိန်းသေတစ်ခုဖြစ်ပါတယ်။ စက္ကန့်ကို မိုင်ပေါင်း ၁၈၆၀၀၀ နီးပါးသွားနိုင်ပါတယ်။ ဒါပေမယ့် စကြဝဠာကြီးနဲ့ယှဉ်လိုက်ရင် ဒီတန်ဖိုးက သေးငယ်လွန်းပါတယ်။ လူတွေက လက်ရှိအချိန်မှာ အလင်းအလျင်ရဲ့ ၁၀% တောင် မြန်အောင်မလုပ်နိုင်သေးပေမယ့် ဒီ Limit ကြီးကို ဖြတ်ကျော်ကြည့်ချင်ကြပါတယ်။ အဲ့တော့ အလင်းထက်မြန်အောင်… Einstein ရဲ့ သီအိုရီလည်း မမှားအောင်… တစ်မျိုးပြောင်းပြီး ကြံစည်ကြပါတယ်။ Physicists တွေကို အဓိက Inspire ဖြစ်စေတာကတော့ Star Wars တို့၊ Star Trek တို့ပါ။ Star Trek က Enterprise ယာဉ်တွေဟာ အလင်းအလျင်ထက် အဆ ၉၀၀၀ ပိုမြန်အောင် သွားနိုင်ပါတယ်။ Star Wars က Millenium Falcon ယာဉ်ဟာဆိုရင်Continue reading “အလင်းထက်မြန်အောင် တကယ်ပဲသွားလို့မရဘူးလား?”

Design a site like this with WordPress.com
Get started