တခါတခါ အနောက်ကများ တယောက်ယောက်လှမ်းကြည့်နေသလားမသိဘူးလို့ လှည့်ကြည့်မိရင် တကယ်လဲ စိုက်ကြည့်နေတဲ့သူရှိနေတတ်ပါတယ်။ တယောက်ယောက်က နောက်ကွယ်ကနေ ကြည့်နေရင် အလိုလိုစိတ်ထဲကသိနေသလို ခံစားရဖူးမှာပါ။ အဲ့တာ တိုက်ဆိုင်မှုသက်သက်ပဲလား။ဒါမှမဟုတ် တကယ်ပဲ sixth sense လိုလိုရနေတာလား။စိုက်ကြည့်တဲ့သူနဲ့ အကြည့်ခံရတဲ့သူကြားမှာရော ဘာဆက်သွယ်မှုတွေများရှိနေလို့လဲ။ ကျနော်နားလည်မိသလောက် ရေးပြထားပါတယ်။ ဒီလိုအကြည့်ခံရတာ သိနေသလိုလိုဖြစ်တဲ့အကြောင်းကို သိပ္ပံပညာက လေ့လာထားတာသိပ်မကြာသေးပါဘူး။ အစောဆုံးလေ့လာထားတဲ့ theory တခုကတော့ Titchener theory ပဲဖြစ်ပါတယ်။ ၁၈၉၈ ခုနှစ်တုန်းက ဗြိတိန်စိတ်ပညာရှင် Edward Titchener က ဒီအကြောင်းကိုလေ့လာပြီး ရှင်းပြထားဖူးပါတယ်။ ကိုယ့်ကို တယောက်ယောက်ကြည့်နေတယ်လို့ ခံစားရတဲ့အခါ လူတွေက နဲနဲနေရခက်လာပါတယ်။ အဲ့လိုနေရခက်လာရင် တခုခုလုပ်မိတတ်ပါတယ်။ဥပမာ ပွနေတဲ့ဆံပင်ကို ပြန်သပ်တင်မိတာ၊ ကိုယ်နေဟန်ထားကို ပြန်ပြင်လိုက်တာ၊ မျက်မှန်ကိုပြန်ချိန်တာ၊ ကော်လံကိုပုံကျအောင် ပြန်ပြင်တာ စသဖြင့် လှုပ်ရှားမှုတခုခုကိုContinue reading “သင့်ကိုတယောက်ယောက်စိုက်ကြည့်နေတာကို သင်သိနေတာဘာလို့လဲ?”
Tag Archives: သိပ္ပံဗဟုသုတ
သင့်ကိုယ်သင်ကလိပြန်ထိုးရင် ဘာလို့မယားတာလဲ?
ကျနော်ငယ်ငယ်လေးထဲက အဲ့မေးခွန်းရဲ့အဖြေကိုသိချင်တာပါ။သူများတွေကလိလာထိုးရင် ယားပြီး ကိုယ့်ဘာသာထိုးရင် မယားတာ ဘာလို့လဲပေါ့။ တကယ်က အဲ့လိုဖြစ်ရခြင်းဟာ Self နဲ့ other ကိုခွဲသိလို့ပါတဲ့။ သူများက ကလိလာထိုးရင် သူများရဲ့လှုပ်ရှားမှုကို ကြိုတင်ခန့်မှန်းလို့မရပါဘူး။ ကိုယ့်ဦးနှောက်က ကြိုပြီးမသိနေတော့ Surprise ဖြစ်ပြီး ယားသွားပါတယ်။ ကိုယ့်ဘာသာ ကလိထိုးရင်ကျ ကိုယ်လှုပ်ရှားသမျှကို brain ကသိနေပါတယ်။ တိတိကျကျပြောရရင် cerebellum လို့ခေါ်တဲ့ ဦးနှောက်ငယ်က ကိုယ်ခန္ဓာလှုပ်ရှားသမျှကို သိနေတာပါ။ အဲ့လိုကြိုသိတဲ့အတွက် cerebellum က ယားတယ်လို့ခံစားရမယ့် ဦးနှောက်အပိုင်း (somatosensory cortex of the brain) ကို ကြိုပြီးသတင်းပို့ထားပါတယ်။ “ဒီကောင့်လက်က ယားတဲ့နေရာကိုရောက်တော့မယ် အသင့်ပြင်ထား”ဆိုပြီး သတင်းလှမ်းပို့ထားတော့ surprise လို့မခံစားရတော့ဘဲ ကြိုသိနေလို့ မယားတော့တာပါ။ သင့်ကိုယ်သင် self မှန်းသိနေသမျှContinue reading “သင့်ကိုယ်သင်ကလိပြန်ထိုးရင် ဘာလို့မယားတာလဲ?”
ဂဏန်းအချက်အလက် (Statistics) တွေကို ယုံကြည်လို့ရသလား?
ကျွန်တော်တို့ Channel မှာ အထောက်အထားတွေကို ကြည့်ပါ၊ Research ဆိုတာ ဘယ်လိုဘယ်ပုံသတ်မှတ်ထားသလဲ စတာတွေကို တင်ဖူးပါတယ်။ ဒီတော့ ဒါတွေနဲ့ မဖြစ်မနေတွဲပါလာတာက Statistics တွေပါပဲ။ Statistics တွေ ဘယ်လောက် အင်အားကြီးမားလဲဆိုတာ ဥပမာနဲ့ ရေးပြချင်ပါတယ်။ ၂၀၀၂ ခုနှစ်တုန်းက Target ဟာ သူ့ဖောက်သည်တွေထဲက ဘယ်သူတွေ ကိုယ်ဝန်ရှိနေမလဲဆိုတာကိုသိအောင် Statistics နည်းနဲ့ ကြံစည်ခဲ့ဖူးပါတယ်။ (Target ဆိုတာ မြန်မာပြည်က City Mart လိုပါပဲ) အမျိုးသမီးတွေရဲ့ စျေးဝယ်တဲ့ Data ကိုကြည့်ပြီး ဘယ်သူက ဗိုက်ကြီးနေမလဲ… ခန့်မှန်းတဲ့ Algorithm ဆွဲတာမျိုးပါ။ ဥပမာ Lotion တွေတိုးဝယ်တာမျိုး၊ Vitamin တွေပိုဝယ်တာမျိုးပေါ့။ ဒီလိုလုပ်တာဟာ ဥပဒေကို ချိုးဖောက်ရာမရောက်တဲ့အတွက် သူတို့ကိုContinue reading “ဂဏန်းအချက်အလက် (Statistics) တွေကို ယုံကြည်လို့ရသလား?”
ခေါင်းထဲကထုတ်မရတဲ့ သီချင်းများရဲ့နောက်ကွယ်
ကိုယ်ကြိုက်ပြီး ခဏခဏနားထောင်မိတဲ့သီချင်း ဒါမှမဟုတ် bus ကားစီးရင်း ခဏခဏကြားမိတဲ့ သီချင်းတွေဟာ ကိုယ်နားမထောင်တော့တဲ့အချိန်မှာတောင် ပြန်ကြားနေတာ၊ မသိစိတ်ထဲက လိုက်ဆိုနေတာ မျိုးကြုံဖူးကြမှာပါ။တစ်ခါတစ်လေ ကိုယ့်ဟာကိုယ်တောင် သတိမထားမိဘဲ သီချင်းက ခေါင်းထဲပေါ်လာပြီး background music ဖွင့်ထားသလို ဘာလုပ်လုပ် ရှိနေတတ်မျိုးပေါ့။ အဲ့လိုဖြစ်ရပ်ကို earworms လို့ခေါ်ပါတယ်။တစ်ချို့ကျတော့လဲ brainworm, sticky music , stuck song music syndrome လို့လဲ ခေါ်ကြပါတယ်။Earworm ကို German စကားလုံး Ohrwurm ကနေဘာသာ ပြန်ယူထားတာလို့ ပြောပါတယ်။Ohr ဆိုတာက နားလို့ အဓိပ္ပါယ်ရပြီး wurm ဆိုတာကတော့ ပိုးကောင်ပေါ့ ဆိုလိုတာကတော့ နားထဲဝင်တဲ့ပိုးကောင်ပေါ့။ အနောက်နိုင်ငံတွေမှာ 98% လောက် earworm ကို ကြုံရတယ်လို့Continue reading “ခေါင်းထဲကထုတ်မရတဲ့ သီချင်းများရဲ့နောက်ကွယ်”
Autocorrect လုပ်နိုင်တဲ့သင့်ဦးနှောက်
အောက်ကပုံကိုတချက်ကြည့်ပေးပါ။ပုံထဲကစာကို စိတ်ထဲမှာ ခပ်မြန်မြန်ဖတ်ပေးပါ။ နောက်တခေါက်လောက် ခပ်ဖြေးဖြေး အသံထွက်ဖတ်ပေးပါ။ ဘာထူးခြားသွားလဲ… သင်သတိထားမိပါသလား။ ပေးထားတဲ့စာထဲမှာ အမှားတခုရှိနေပါတယ်။ ပြန်ရှာကြည့်လိုက်ပါ။ “The” ၂လုံးထပ်နေတာကိုသတိထားမိလိုက်ပါသလား။ ပထမတုန်းက ခပ်မြန်မြန်ဖတ်လိုက်တော့ သင့် brain က Autocorrect လုပ်ချလိုက်တာပါ။နောက်တခါထပ်ဖတ်တော့မှပဲ အမှားကိုတွေ့တာပါ။ ကဲ… နောက်တခါထပ်စမ်းကြည့်ရအောင်။ အောက်ကစာကိုဖတ်ကြည့်ပါဦး… မြန်မြန်လေးဖတ်ပေးပါ။ သင်၂ခါထပ်ဖတ်မိနေပြီမလား။ ဒီတခါတော့ အထာနပ်သွားလောက်ပြီထင်ပါတယ်။ သင်တယောက်တည်းမဟုတ်ပါဘူး။ လူတိုင်းလိုလို စာမြန်မြန်ဖတ်ရင် အမှားတွေကို brain ကပြင်ပြီးဖတ်လိုက်ပါတယ်။ သိပ်မသိသာတဲ့အမှားမျိုးဆို brain ကခပ်တည်တည်ပဲ လူလည်ကျပြီး ဖတ်သွားပါတယ်။အထူးသဖြင့် မြန်မြန်ဖတ်ရတဲ့အခါပေါ့။ စာမေးပွဲခန်းထဲမှာ စာမေးပွဲမေးခွန်းစာရွက် စ,စရရင် အမြန်ဖတ်ပြီး ကိုယ်ကျက်ထားတဲ့အပုဒ်တိုးသလား ရှာတဲ့အခါဆို အရမ်းသိသာပါတယ်။ Autocorrect ကတခါတလေလဲအသုံးဝင်ပါတယ်။မလိုတဲ့နေရာမှာအချိန်မကုန်တော့ဘဲ လိုတာကိုဖတ်လို့ရအောင် လုပ်ပေးထားတာပါ။ နောက်တခုလောက်ထပ်စမ်းသပ်ကြည့်ရအောင် အောက်က စာမှာ ဘာမှားနေလဲContinue reading “Autocorrect လုပ်နိုင်တဲ့သင့်ဦးနှောက်”