မနေ့က Science nuts page cb မှာ စာဖတ်သူတယောက်က အပေါ်ကခေါင်းစဥ်ရဲ့ အဖြေသိချင်လို့ဆိုပြီး လာမေးပါတယ်။ ကျနော်တို့လဲ အထင်တလုံးနဲ့ ထင်တာဖြေပေးမိလိုက်ပါတယ်။ ညကျအဲ့ကိစ္စရဲ့ အဖြေကို မကျေနပ်နိုင်သေးပဲ ထပ်ရှာကြည့်မိပါတော့တယ်။ ဟိုက်ရှားပါး… တခြားတိုင်းပြည်ကလူတွေကလဲ အဲ့လို ကြံကြံဖန်ဖန် မေးထားကြတာပဲ။ ဖြေတဲ့သူတွေကလဲ အများကြီးနဲ့ အဖြေတွေကလဲ အစုံပါပဲ။ ဘယ်သူ့အဖြေမှန်လဲဆိုတာကို ကျနော်တို့လိုက်ရှာကြတဲ့အခါ လက်ခံနိုင်ဖွယ်ရှိတဲ့ အဖြေတချို့ကိုတွေ့လာပါတယ်။ အဲ့အဖြေလေးတွေကို ဒီနေ့စုပြီး ပြန်ပြောပြသွားပါမယ်။ ပထမဆုံးဖြစ်နိုင်တဲ့ အဖြေက ပါးစပ်အကျဥ်းအကျယ်ကွာတဲ့ ကိစ္စကြောင့်ပါ။ ဖူးးး လို့မှုတ်ရင် နှုတ်ခမ်းကိုစူပြီး ပါးစပ်ကျဥ်းထားရပါတယ်။ ဟာာ လို့မှုတ်ရင်ကျ ပါးစပ်ကျယ်ကျယ်ဖွင့်ထားရပါတယ်။ Physics သဘောအရ ကျဥ်းတဲ့နေရာကို လေကဖြတ်တဲ့အခါ pressure ကျပြီး အရှိန်မြန် (velocity) လာပါတယ်။ ဖူးးး လို့မှုတ်ရင်Continue reading ““ဖူးးး”လို့ မှုတ်တဲ့လေကအေးပြီး “ဟာာ” လို့မှုတ်တဲ့လေက ဘာလို့ပူရတာလဲ?”
Tag Archives: သိပ္ပံဗဟုသုတ
“ဘူး” များအကြောင်း (Déjà vu, Jamais vu & Presque vu)
ကျွန်တော်ငယ်ငယ်က ခရီးရှည်တစ်ခုသွားတော့ ညလယ်ခေါင်မှာ ကားခဏနားတယ်။ အဲ့ဒီကာလက ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးလည်း မပေါ်သေးတော့ လမ်းတွေက ဆိုးချက်ပဲ။ခုခေတ်လိုမျိုး ၁၁၅ မိုင်မှာနားမယ်ဟေ့ ဆိုပြီး စည်စည်ကားကား သိုက်သိုက်ဝန်းဝန်းနေရာတစ်ခုလည်း မရှိသေးဘူး။ ကားသမားတွေနဲ့ လက်ဝါးချင်းရိုက်ထားတဲ့ဆိုင်တွေမှာပဲ နားကြတာများတယ်။ အဲ့ဒီတုန်းက ကားခဏရပ်တော့ အထက်တန်းကျောင်းကြီး တစ်ကျောင်းနားမှာ ဖြစ်နေတယ်။ လှမ်းကြည့်နေရင်းနဲ့ ရင်ထဲမှာ ဒိန်းကနဲ ဖြစ်သွားတယ်။ ဒီကျောင်းကြီးကို ငါ့အိပ်မက်ထဲမှာ ရင်းရင်းနှီးနှီးမြင်ဖူးနေတယ်။ ဒါတွေက ကြုံဖူးပြီးသား ကိစ္စကြီးတစ်ခုလိုပဲ။ ကိုယ်နောက်တစ်စက္ကန့်နေရင် ဘာပြောတော့မယ်ဆိုတာကိုပါ တွေးလို့ရနေတယ်။အဲ့ဒီတုန်းကတော့ ငါ့မှာ Superpower တွေရှိနေတာလားမသိဘူးဆိုပြီး ကလေးပီပီ တွေးမိပါသေးတယ်။အသက်ကြီးလာတော့ သိလာရတာက ဒါဟာ Déjà vu ပါ။ Déjà vu ဆိုတာ ပြင်သစ်စကားပါ။ သူ့ရဲ့အဓိပ္ပါယ်က “Already Seen” လို့Continue reading ““ဘူး” များအကြောင်း (Déjà vu, Jamais vu & Presque vu)”
သာမန်ကွန်ပြူတာတွေနဲ့ မတူတဲ့ Quantum Computer အကြောင်း အကျဉ်းချုပ်
(ဒီအကြောင်းကို မဖတ်ခင် Quantum Mechanics အကြောင်းနည်းနည်းတော့သိသင့်ပါတယ်။ဒါပေမယ့် မသိသေးတဲ့သူတွေပါ နားလည်နိုင်အောင် အတတ်နိုင်ဆုံးရေးသွားပါမယ်။ နားမလည်လို့ ဆက်ပြီးဖတ်ချင်ရင် ဖတ်လို့ရအောင်လည်း အရင်ကရေးထားခဲ့ဖူးတဲ့ Link တွေထည့်ပေးထားပါမယ်) Quantum Computer တွေကိုနားလည်ဖို့ သာမန်ကွန်ပြူတာတွေဘယ်လို အလုပ်လုပ်လဲဆိုတာ အရင်သိသင့်ပါတယ်။ကွန်ပြူတာတွေက ကိုယ်ကိုချင်တာကို မြန်မြန်ဆန်ဆန်နဲ့လုပ်ပေးနိုင်တဲ့အတွက် သူတို့ဘယ်လိုအလုပ်လုပ်လဲဆိုတာ မသိကြရင် ထူးဆန်းတယ်လို့ ထင်ချင်ထင်ကြမှာပါ။ဒါပေမယ့် သာမန်ကွန်ပြူတာတွေက အဲ့လောက်မထူးဆန်းပါဘူး။ ကွန်ပြူတာမှာ အခြေခံကျတဲ့ပစ္စည်းကတော့ Transistor ပါပဲ။ သူက လျှပ်စစ်အဝင်အထွက်ကိုပဲ သိပါတယ်။ သူက 0, 1 နှစ်မျိုးပဲနားလည်ပါတယ်။(လျှပ်စစ်ဝင်လာရင် 1, မဝင်လာရင် 0 ဆိုပါတော့)ဒါကို Bits လို့ခေါ်ပါတယ်။ ကွန်ပြူတာရဲ့ အခြေခံ Unit ပါ။ (1 လား၊ 0 လား မှတ်တမ်းတင်ထားတာပေါ့) နည်းပညာတွေContinue reading “သာမန်ကွန်ပြူတာတွေနဲ့ မတူတဲ့ Quantum Computer အကြောင်း အကျဉ်းချုပ်”
သဘာဝတရားက ဘာလို့ နှာခေါင်း ၂ပေါက်ပေးထားတာလဲ?
ငယ်ငယ်က ဆိုရိုးစကားလေးတခုကြားဖူးမလားမသိဘူး။ “God gives us 2 eyes to observe more,2 ears to listen more, but only 1mouth to talk less” တဲ့။ ဘုရားသခင်က မျက်စိ၂ဖက်ပေးထားလို့ များများလေ့လာကြည့်ရှုပေးပါ။နား၂ဖက်ပေးထားလို့ များများနားစွင့်ထားပါ။ ပါးစပ်တပေါက်ပဲ ထည့်ပေးထားလို့ လျှာမရှည်နဲ့အာမချောင်ပါနဲ့လို့ အဓိပ္ပာယ်ရပါတယ်။ ဘုရားသခင်ကို နောက်တခွန်းလောက်ပြန်မေးရင် ဘယ်လိုဖြေမလဲမသိဘူး။ နှာခေါင်းပေါက် ၂ဖက်ကျဘာလုပ်ဖို့လဲ….လေများများရအောင်လား? လေပိုရှုလို့ရအောင်ဆို အလယ်တည့်တည့်မှာ ခပ်ကြီးကြီး တပေါက်ထဲ ဖောက်ထားပေးလိုက်လို့မရဘူးလားပေါ့။ တော်တော်ကတ်သီးကတ်သပ်လုပ်တယ်မထင်ပါနဲ့ဗျ။ ဒီနေ့မှာ သဘာဝတရားကြီးက ဘာလို့များ နှာခေါင်းပေါက်ကို ၂ဖက် ထားပေးထားရတာလဲ အဖြေရှာကြည့်ရအောင်။ သိပ္ပံပညာရှင်တွေလေ့လာချက်အရ နှာခေါင်းပေါက် ၂ ဖက်က အနံ့ခံနိုင်စွမ်းချင်း မတူတာကို စသတိထားမိကြတယ်။ ညာဖက်နှာခေါင်းပေါက်ကContinue reading “သဘာဝတရားက ဘာလို့ နှာခေါင်း ၂ပေါက်ပေးထားတာလဲ?”
အာကာသတွင်းနက်များ (Black Holes) အကြောင်း (ကြယ်တွေဘယ်လို သေဆုံးကြသလဲ, Part 3)
(Part 1 & 2 အရင်ဖတ်ပေးရင် ပိုနားလည်ပါလိမ့်မယ်) ကြယ်တစ်ခုသေဆုံးတဲ့အခါ သူ့ရဲ့အရွယ်အစားပေါ်မူတည်ပြီး White Dwarf Star ဖြစ်ချင်ဖြစ်မယ်၊ Neutron Star ဖြစ်ချင်ဖြစ်မယ်၊ Black Hole ဖြစ်ချင်ဖြစ်မယ်။ အခုပြောမယ့် Black Hole ကတော့ ကြယ်အကြီးစားတွေ သေဆုံးတဲ့အချိန်မှာဖြစ်တတ်ပါတယ်။ ဒါ့အပြင် Neutron Star ၂လုံး ဝင်တိုက်တဲ့အခါလည်း ဖြစ်တတ်ပါတယ်။(ဘယ်လိုတွေ ဖြစ်လာလဲဆိုတာ အရင်အပိုင်းတွေမှာ ရေးပြီးပြီမို့ ဆက်မရေးတော့ပါဘူး) Black Hole ဆိုတာ Gravity (ဆွဲအား) အလွန်များတဲ့အတွက် သူ့ပတ်ဝန်းကျင်မှာရှိတဲ့ ဟင်းလင်းပြင်အချိန် (Spacetime) ကွေးညွတ်လွန်းသွားပြီး ကိုယ်ပိုင်စကြဝဠာ အသေးစားလေးတစ်ခုဖြစ်သွားတာပါ။(မြင်အောင်ပြောရရင် ဂျုံအပြားလေးကို ကိုယ့်လက်အားနဲ့ညှစ်လိုက်တဲ့အခါ အလုံးဖြစ်သွားသလိုပါပဲ၊ ဒီလောက်တော့ မရိုးရှင်းပါဘူး) ဘယ်လောက်တောင် ဆွဲအားများသလဲဆိုရင် Electromagnetic RadiationContinue reading “အာကာသတွင်းနက်များ (Black Holes) အကြောင်း (ကြယ်တွေဘယ်လို သေဆုံးကြသလဲ, Part 3)”