အတွေးမလွန်ဘဲ လုပ်မလား၊ အလွန်တွေးပြီး ထိုင်နေမလား?

ချော်တောငေါ့မနေတော့ဘဲ စလိုက်ချင်ပါတယ်။မောင်မောင်ဟာ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်ချင်တယ်။ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခု ပိုင်ချင်တယ်။ ပညာမတတ်လည်း ပိုက်ဆံရှိရင် ပညာတတ်တွေကို ခိုင်းစားလို့ရတယ်လို့ ထင်တယ်။ သူက အခုအချိန်မှာတော့ သူများအလုပ်မှာ အလုပ်သမားဝင်လုပ်နေတယ်။ အားတိုင်း ဒီအကြောင်းကို စိတ်ကူးယဉ်တတ်တယ်။ အမြဲတမ်းခေါင်းထဲမှာ အကြံတွေအပြည့်ပဲ။ ကိုယ်ပိုင်လုပ်ငန်းလုပ်ဖို့ ပြင်ဆင်ချင်တဲ့အတွက် အလုပ်ကနေ ခွင့် ၂ပတ်ယူလိုက်တယ်။ ပထမဦးဆုံးလုပ်တာက Research ပေါ့။ Youtube တွေကြည့်တယ်၊ စာတွေလိုက်ဖတ်တယ်။ သူ့အတွေးကတော့ မစခင် ထောင့်စေအောင်၊ အကုန်သိအောင် ကြိုပြင်ထားသင့်တယ်ဆိုပါတော့။ ဒါပေမယ့် လုပ်စရာတွေ များလွန်းတော့ ဘာမှမလုပ်နိုင်တော့ဘူး။ သူလုပ်ချင်တာက ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းဆိုတဲ့ နာမည်ပဲရှိတာ… ဝန်ထမ်းတွေကို ဘယ်လို Manage လုပ်မလဲ၊ လစာဘယ်လောက်ပေးမလဲ၊ ကိုယ့်ပစ္စည်းက စျေးကွက်ရောရှိရဲ့လား၊ အခွန်က ဘယ်လောက်တောင် ဆောင်ရမှာလဲ၊ လုပ်ငန်းကို ဘယ်နေရာမှာလုပ်မှာလဲ…? ဒါတွေContinue reading “အတွေးမလွန်ဘဲ လုပ်မလား၊ အလွန်တွေးပြီး ထိုင်နေမလား?”

ကိုဗစ်အလွန်ကမ္ဘာကြီးမှာ ဘာတွေပြောင်းလဲသွားမလဲ?

ကိုဗစ်ရောဂါကြီးပြီးဆုံးသွားတဲ့အခါ ကျနော်တို့ ကမ္ဘာမှာ အပြောင်းအလဲတွေ အများကြီးဖြစ်သွားမှာ သေချာပါတယ်။ Game changer ဖြစ်ခဲ့တဲ့ covid ရောဂါက လူတွေတခါမှမကြုံဖူးတဲ့ စိတ်ဒဏ်ရာတွေ၊ stress တွေ အများကြီးထားခဲ့ပြီးပါပြီ။ ကိုဗစ်အလွန်ကာလကြီးမှာ ဘာတွေဆက်ဖြစ်လာမလဲဆိုတာ လူတိုင်း သိချင်နေကြမှာပါ။ ကျနော်နဲ့အတူတူ အနာဂတ်ကမ္ဘာကြီးကို ခဏလောက်လိုက်ကြည့်ရအောင်။ စီးပွားရေးဖက်ကပြောရရင်တကမ္ဘာလုံးက စီးပွားရေးကပ်နဲ့ကြုံနေရပြီး အငတ်ဘေးတွေ ကြုံတွေ့ထားပါတယ်။ အနာဂတ်မှာတော့ စီးပွားရေးကို နာလန်ထူအောင်ပြန်လုပ်ကြရင်း ပြိုလဲထားတဲ့ စျေးကွက်တွေကိုပြန်ထူထောင်ကြရမှာပါ။ အထူးသဖြင့် Cryptocurrency တွေပိုခေတ်စားလာပြီး Cash တွေတဖြေးဖြေးမသုံးသလောက်ကိုဖြစ်သွားကြတော့မှာပါ။ ကျနော်တို့ဆီမှာတောင် Mobile banking တွေ ATM တွေနဲ့ အသားကျလာပြီး လူငယ်တွေဆို Bitcoin ဖက်ကိုပါလှည့်လာကြပါပြီ။ လုပ်ငန်းခွင်မှာဆိုလဲ တချို့အလုပ်အကိုင်တွေပျောက်ကွယ်သွားတော့မယ်လို့ ခန့်မှန်းနေကြပါတယ်။ အထူးသဖြင့် စက်နဲ့လုပ်ကိုင်ရတဲ့အလုပ်တွေ၊ လူမလိုဘဲ စက်ရုပ်နဲ့ထိန်းချုပ်တဲ့ အလုပ်တွေကContinue reading “ကိုဗစ်အလွန်ကမ္ဘာကြီးမှာ ဘာတွေပြောင်းလဲသွားမလဲ?”

First Impression နဲ့လူတွေကို အပေါ်ယံ ဆုံးဖြတ်လို့ရလား?

လူတွေက Snap Judgment ချတဲ့နေရာမှာ သိပ်ကျွမ်းကျင်ကြတယ်။ ဒီကောင်ကတော့ တက်တူးတွေနဲ့…. လူမိုက်ပဲနေမှာ…။ဒီကောင်မလေးက အတိုအပြတ်တွေတတ်တယ်… လျပ်ပေါ်လော်လီတဲ့သူပဲနေမှာ…။သူစကားပြောတာက ယဉ်ကျေးတယ်… လူကောင်းဖြစ်ဖို့များတယ်…။ခန္ဓာကိုယ် Posture က မတ်မတ်ပဲ… တည်ကြည်မယ့်သူဖြစ်ဖို့များတယ်… စသဖြင့် ကိုယ်မသိသေးတဲ့လူအကြောင်းကို အပေါ်ယံနဲ့ဆုံးဖြတ်နေကြတယ်။ ဒီတော့ First Impression က တော်တော်ကို အရေးကြီးပါတယ်။ မှန်တာများတဲ့အတွက်လည်း အပေါ်ယံကြည့်ပြီး ဆုံးဖြတ်လို့ရနေတာပါ။ မှားတဲ့အခါလည်း မှားတာပေါ့။ လူတွေက ဒီလူတစ်ယောက်ကို သိလာတဲ့အခါ ပိုနားလည်လာမယ်လို့ တွေးစရာရှိတယ်။ ဥပမာ First Impression သိပ်မကောင်းထားတဲ့ လူတစ်ယောက်က ကိုယ်နဲ့အလုပ်ကိစ္စအရ ဆက်ဆံမိရင်း ခင်မင်လာတဲ့အခါ သူ့ရဲ့ First Impression ကို မေ့သွားမယ်လို့ ထင်စရာရှိတယ်။ဒါပေမယ့် အဲ့လိုလွယ်လွယ်နဲ့ မမေ့တတ်ဘူးလို့ လေ့လာမှုတွေကဆိုတယ်။ စမ်းသပ်ထားတာတစ်ခုကို ပြောပြချင်ပါတယ်။ VolunteerContinue reading “First Impression နဲ့လူတွေကို အပေါ်ယံ ဆုံးဖြတ်လို့ရလား?”

ဆရာကို ဆရာပြန်လုပ်သင့်လား?

အခုရေးမယ့်စာက တော်တော်များများလက်ခံကြတဲ့ အမြင်နဲ့ ဆန့်ကျင်နေနိုင်ပါတယ်။ ဒါပေမယ့် လောကကြီးက အမြဲတမ်းမေတ္တာနဲ့ လည်ပတ်နေတာမဟုတ်တော့ ဒီအကြောင်းကို သိသင့်ပါတယ်။ စာဖတ်ပြီး စိတ်ထဲတမျိုးဖြစ်သွားရင် ခုကတည်းက ကြိုပြီးတောင်းပန်ပါတယ်။ ကျွန်တော်တို့တွေ ငယ်ငယ်ကတည်းက သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာဆိုတာ ရှိကြပါတယ်။ အိမ်က အဖေ၊ အမေ အပါအဝင် ကျောင်းဆရာ၊ ဆရာမတွေလည်း ပါတာပေါ့။ ဒီလိုနဲ့ တက္ကသိုလ်ရောက်သွားပြီး ဘွဲ့တွေရကြတယ်။ အဲ့ကနေမှ အလုပ်ထဲရောက်ကုန်ကြတာပေါ့။ ပြောချင်တာက အလုပ်ထဲရောက်တဲ့အချိန်ကိုပါ။ ဒီအချိန်မှာ ဆရာဆိုတာ သင်ဆရာတွေ အများစုဖြစ်နေပါပြီ။ဆရာ၊ တပည့်ဆက်ဆံရေးထက် လုပ်ဖော်ကိုင်ဖက်ဆက်ဆံရေး ဘက်ကို ပိုရောက်နေပါပြီ။ ဒီတော့ ဆရာ၊ တပည့်ဆိုတဲ့ ကန့်သတ်ချက်ကို မေ့လာကြတာရှိပါတယ်။ ဆရာကို ဆရာလို့မမြင်တော့ဘဲ လုပ်ဖော်ကိုင်ဖက်လို သဘောထားလိုက်ပါတယ်။ (အလုပ်တူတူလုပ်နေမှတော့ လုပ်ဖော်ကိုင်ဖက်လို့ပဲ သဘောထားတာ မဆန်းပါဘူး…)Continue reading “ဆရာကို ဆရာပြန်လုပ်သင့်လား?”

ကြိုးစာခြင်း ဝိရောဓိများ

လူတိုင်း ဒီ Topic မျိုးကို အခါခါတွေ့ဖူးကြမှာပါ။ အောင်မြင်တိုးတက်၊ ကြီးပွားချမ်းသာရေးဟောတဲ့လူတွေ အကြိုက်ခေါင်းစဉ်တစ်ခုပေါ့။လူတွေကလည်း ဒီလိုခေါင်းစဉ်မျိုးကိုပဲ တစိုက်မတ်မတ် စားသုံးချင်ကြတယ်။ဆိုတော့… ခေတ်မီအောင် ကျွန်တော်လည်း တစ်ပုဒ်လောက်ရေးချင်ပါတယ်။ အရင်ခေတ်ကရေးထားတဲ့ အောင်မြင်တိုးတက်ရေးစာအုပ်တွေဖတ်ရင် ကြိုးစားဖို့လိုတယ်ဆိုပြီး ပြောကြတာပေါ့။ဘဝမှာ အောင်မြင်တိုးတက်ဖို့ လိုတယ်၊ ဒီအတွက် မဆုတ်မနစ်နဲ့ ကြိုးစားရမယ်၊ လဲကျရင် ပြန်ထရမယ်၊ မလျော့သော ဇွဲ၊ လုံ့လ၊ ဝီရိယနဲ့ လိုချင်တဲ့ပန်းတိုင်ရောက်အောင် အရောက်လှမ်းရမယ်။ (၁၀ တန်းစာစီစာကုံးရေးမှာ အလွတ်ကျက်ရေးကြတဲ့ စကားလုံးတွေပေါ့)ဒါပေမယ့် ကြိုးစားတိုင်းလည်း ကြိုးစားသလို မဖြစ်ပြန်ဘူး၊ လဲကျတိုင်းလည်း ပြန်ထဖို့လည်း မလွယ်ပြန်ဘူး ဆိုတော့ အပေါ်ကရေးတာတွေကို လူတွေသိပ်မယုံကြတော့ဘူး။ အဲ့ဒီတော့ နောက်တစ်ဆင့်တက်ကြတာပေါ့။“Work smart, not hard” လုပ်လာကြပြန်တယ်။ သိပ်မကြိုးစားနဲ့၊ ဉာဏ်လေးသုံး… ဆိုတာမျိုးပေါ့။လဲကျရင်လည်း အမှားတွေကနေ သင်ခန်းစာယူပြီးContinue reading “ကြိုးစာခြင်း ဝိရောဓိများ”

Design a site like this with WordPress.com
Get started