ကျနော်တို့ ကြားဖူးနားဝသိပ်မရှိတဲ့
hormone တမျိုးအကြောင်း အနည်းငယ်ပြောပြချင်ပါတယ်။
သူ့ကို Orexins လို့ခေါ်ပါတယ်။ သူကတကယ်တော့ hormone ဆိုတာထက် neuropeptide တမျိုးဖြစ်ပြီး lateral and posterior hypothalamus မှာရှိတဲ့ neurons တွေကနေ အဓိကထုတ်ပေးပါတယ်။
Orexin ဆိုတဲ့ name က “Orexis”ဆိုတဲ့ ဂရိစကားကလာပြီး “appetite” လို့အဓိပ္ပါယ်ရပါတယ်။
သူ့ကိုထုတ်တဲ့နေရာကလဲ lateral hypothalamus ဆိုတော့ ကျနော်တို့ ငယ်ငယ်က hypothalamus ရဲ့နေရာတွေကိုမှတ်သလို
“ရှေ့ပူ နောက်အေး ဘေးဆာ လယ်ပြည့်” ဆိုတဲ့အတိုင်း ဒီneuropeptideရဲ့ function က food intake ကိုများစေ ဗိုက်ဆာစေပါတယ်။
Orexin A ရယ် B ရယ်ဆိုပြီး ၂မျိုးရှိပါတယ်။
သူ့ကို “Hypocretin” လို့လဲ ခေါ်ခဲ့ကြပါတယ်။
အကြောင်းကတော့ Hypothalamus မှာတွေ့ရလို့ (Hypo-) ရယ် gut hormone တမျိုးဖြစ်တဲ့ secretin နဲ့ဆင်တူလို့ရယ် (-cretin) ကြောင့်ဖြစ်ပါတယ်။
Research တွေမှာ Orexin တွေကို CNS ထဲရောက်အောင် injection ပေးကြည့်တဲ့အခါ အချက်၂ချက်ကိုတွေ့ရပါတယ်။
Appetite တက်လာပြီး လူကမအိပ်ချင်တော့ဘဲနိုးကြားလာတာကို (Wakefulness) တွေ့ရပါတယ်။
Orexin က REM sleep ကိုလဲ suppress လုပ်တာကိုတွေ့ရပါတယ်။
နောက်ပိုင်းတွေ့ရှိချက်တွေအရ Orexin deficiency ဖြစ်ခြင်းသည် Narcolepsy (အအိပ်လွန်ရောဂါ) နဲ့ဆက်စပ်မှုရှိတာကိုတွေ့ရှိရပါတယ်ဗျ။
Thanks for your time!
လင်းမူ
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Zawgyi နဲ့ပါ တွဲတင်ပေးလို့ရမလား?
LikeLike
Zawgyi နဲ့က ကျွန်တော်တို့အတွက် အဆင်မပြေလို့ပါ။ sorry
LikeLike
ညီမကဟော်မုန်းနည်ူတဲ့ရောဂါရှိတယ် သွိုင်းရွိုက် လို့ေပြာတယ်ဆရာဝန်ကအဲ့တာဘာကြောင့်လဲဆိုတာသိချင်တယ် လည်ပင်းကြီးရောဂါဆိုပေမဲ့ အပြင်ကိုထွက်လာတာမျိူးမရှိဘူး အတွင်းမှာ အကျိအကျိတ်လေးဖြစ်တာကိုယ်ဖြစ်တဲ့ရောဂါအကြောင်းပို ပြည့်”စုံလေးသိချင်လို့ ထပ်ရှိသေးလားရှင့်
LikeLike
သိုင်းရိုက်ရေးဂါတွေဟာ လည်ပင်းမကြီးတာလည်း ဖြစ်နိုင်ပါတယ်။ အဲ့ဒီအကြောင်းကို ရေးထားတာမရှိသေးပါဘူး။ ပညာပေးသဘောလောက် ရေးဖြစ်ရင် တင်ပေးပါမယ်။
LikeLike