လူတွေက အကောင်းကြိုက်ကြပါတယ်။ အကောင်းတွေချည်းပဲလိုချင်ကြတော့ အဆိုးတွေကြုံလာတဲ့အခါ လိမ်ညာတာတွေပါလာကြပါတယ်။ ချိန်းထားတဲ့သူငယ်ချင်းပြောတဲ့..“သားကြီးငါထွက်လာပြီ…ခဏနေရင်ရောက်တော့မှာ” ဆိုတဲ့စကားကနေ“ဘာစာမှလဲမကျက်ရသေးဘူး” ဆိုတဲ့ အတန်းထဲက hyper ကောင်ရဲ့စကားတွေအထိ သင်ကြားသမျှတွေက လိမ်နေတာဖြစ်နိုင်ပါတယ်။ စစ်တမ်းတွေအရဆိုရင် နေ့စဥ် သင်ကြားရသမျှ စကားထဲမှာ ၁၀ခွန်းကနေ အခွန်း၂၀၀ အထိက အလိမ်တွေပါနေပါတယ်တဲ့။ ဒါဆို အလိမ်စကားတွေကို သင် ဘယ်လိုသိနိုင်မလဲ? အရင်တုန်းကတော့ လိမ်ပြောတဲ့သူတွေကို နှိပ်စက်ပြီး အမှန်အတိုင်းပြောအောင်လုပ်ကြတာရှိပါတယ်။ နောက်ပိုင်းမှာတော့ အလိမ်ဖော်စက်ဆိုပြီး ထွင်လာခဲ့ပေမယ့် ဒီစက်ကို သိပ်ယုံလို့မရသေးပါဘူး။မှင်သေသေနဲ့ စိတ်ထိန်းနိုင်တဲ့သူဆိုရင် ဒီစက်နဲ့စမ်းလဲ တော်ရုံလိမ်မှန်းမသိနိုင်ပါဘူး။ ဒီလိုပြောပေမယ့် လိမ်မှန်းသိနိုင်တဲ့ နည်းအချို့တော့ရှိပါတယ်။လူတွေ ဘယ်လိုလိမ်လဲသိထားရင် လိမ်နေမှန်းကြိုသိနိုင်ပါတယ်။ လူတွေက လိမ်ပြောနေပြီဆိုရင် ကိုယ့်အကြောင်းကိုတိုက်ရိုက် သိပ်မပြောတော့ဘဲ သူများအကြောင်းဆိုပြီး အငှားပြောတတ်ပါတယ်။ စာရေးသူတခါကြုံဖူးတာက ကျောင်းတုန်းကဘော်ဒါက ကိုယ်ဝန်တားဆေးအကြောင်းလာမေးတာပါ။ လာမေးတဲ့အခါ သူသိချင်တာမဟုတ်ပါဘူးတဲ့… သူ့အသိတယောက်ကမေးခိုင်းတာပါဆိုပြီး နာမ်စားသုံးကာContinue reading “သင့်ကို တယောက်ယောက်ကလိမ်ပြောနေမှန်း ဘယ်လိုသိနိုင်မလဲ?”
Author Archives: Science Nuts
သင်ထင်သလိုမဟုတ်တဲ့ ကျန်းမာရေးဗဟုသုတအလွဲများ (Part 2)
Part 1 ဖတ်ချင်ရင် ဖတ်နိုင်ပါတယ်။ သင်ထင်သလိုမဟုတ်တဲ့ ကျန်းမာရေးဗဟုသုတအလွဲများ (Part 1)https://ouo.io/T2uFrk ၄။ ပန်ကာလေနဲ့အိပ်ရင် လေဖြတ်သလား? ဒီကိစ္စကလဲ လူတိုင်းလိုလိုအမှတ်မှားနေတဲ့ကိစ္စတခုပါ။ ပန်ကာအကြာကြီးခံရင် လေဖြတ်သေတတ်တယ်ဆိုတာ တကယ်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဒါကိုယုံတဲ့သူတွေကို မဟုတ်ဘူးပြောရတာအတော်ကို လက်ပေါက်ကပ်တဲ့ကိစ္စတခုပါပဲ။ ကျနော်ဖတ်ဖူးတဲ့စာအုပ်ထဲမှာဆိုရင် Fan death (ပန်ကာအကြာကြီးခံပြီးသေတာ) ကို တောင်ကိုရီးယားကပြည်သူတွေကလည်း တကယ်ပဲယုံကြည်ကြတယ်လို့ဆိုပါတယ်။(ဆိုတော့ အိုပါးတွေလဲယုံတာပဲ…ကျမတို့လဲယုံမှာပဲဆိုလဲ သဘောပါ) တောင်ကိုရီးယားမှာ ဘယ်လောက်တောင် ပန်ကာအစွဲရှိသလဲဆိုရင် ပန်ကာထုတ်လုပ်တဲ့စက်ရုံတွေက အချိန်တခုရောက်ရင် အလိုလိုပိတ်တဲ့စနစ်ထည့်ပေးရတဲ့အထိ ဖြစ်လာပါတယ်။ အလိုလိုပိတ်တဲ့စနစ်မပါတဲ့ ပန်ကာဆို ဘယ်သူမှမဝယ်ကြတဲ့အထိပါပဲ။ ဒါဆို ပန်ကာခံပြီးလေဖြတ်သွားတဲ့သူ တွေ့ဖူးလားမေးတဲ့အခါ ၁၀၀ မှာ ၉၉ ယောက်လောက်က မတွေ့ဖူးပါဘူး… သူများပြောလို့ လိုက်မလုပ်တာပဲဖြစ်တာပါ။ တယောက်သောသူကတော့ ပန်ကာခံပြီးလေဖြတ်သွားတာတွေ့ဖူးချင်တွေ့ဖူးပါလိမ့်မယ်။ ဒါကလဲ လေဖြတ်ရတာ ပန်ကာလေကြောင့်မဟုတ်နိုင်ပါဘူး။Continue reading “သင်ထင်သလိုမဟုတ်တဲ့ ကျန်းမာရေးဗဟုသုတအလွဲများ (Part 2)”
မျှော်လင့်ခြင်းတွေက စိတ်ဒဏ်ရာရစေသလား?
လူတွေရဲ့အကြိုက်တွေဟာ Subjective ဖြစ်တယ်လို့ စိတ်ပညာမှာ လက်ခံထားပါတယ်။ ဒါကြောင့် တန်းညှိဖို့ သိပ်မလွယ်ပါဘူး။ Brand ဆိုမှ Brand သတ်မှတ်ထားတတ်ကြသလို ဒီဆိုင်ကမှ မစားရရင် မစားဘူးဆိုတာမျိုးတွေ ရှိတတ်ပါတယ်။ အရင်ကလည်း ဒီအကြောင်း အကြမ်းဖျင်းရေးဖူးပါတယ်။ Branded ဖြစ်သူများနှင့် Fanboys, Fangirls များအကြောင်းhttps://ouo.io/GFHZ7j အခုပြောမှာက ကိုယ့်ရဲ့အကြိုက်တွေဟာ မျှော်လင့်ခြင်း (Expectation) တွေနဲ့ သက်ဆိုင်နေတယ်ဆိုတာပါ။ ဝိုင်အရသာခံတာကို ဇာတ်လမ်းတွေထဲမှာ မြင်ဖူးကြမှာပါ။ ဝိုင်ကို လျှာဖျားလေးနဲ့ သောက်ပြီး မျိုမချဘဲ ပြန်ထွေးထုတ်တာလည်း တွေ့ဖူးမှာပါ။ ဒီလူတွေကို ကြည့်လိုက်ရင် အထာကျတယ်လို့ တွေးမိနိုင်ပါတယ်။ အရသာခံနေတဲ့အချိန်မှာ တစ်ခုခုကို လေးလေးနက်နက်တွေးနေသလိုပါပဲ။ပြီးရင် အရသာဟာ ဘယ်လိုရှိကြောင်း တစ်ခါမှမကြားဖူးတဲ့ စကားလုံးတွေနဲ့ ထုတ်ပြောပါတယ်။ ငယ်ငယ်ကတော့ ဒီလူတွေဟာ ဘယ်လိုကြောင့် ဒီလောက်Continue reading “မျှော်လင့်ခြင်းတွေက စိတ်ဒဏ်ရာရစေသလား?”
လောကကြီးကို ဘောင်ခတ်ကြည့်ခြင်း
အရင်တစ်ခေါက်က လူတစ်ယောက်ကို First Impression နဲ့ အပေါ်ယံဆုံးဖြတ်လို့ရလား ရေးခဲ့ဖူးပါတယ်။ အခုပြောချင်တာက အဲ့ဒီအကြောင်းကို အနည်းငယ်ထပ်ချဲ့ကားထားတာပါ။ First Impression နဲ့လူတွေကို အပေါ်ယံ ဆုံးဖြတ်လို့ရလား?https://ouo.io/SVLH75L လူတော်တော်များများဟာ အခြားလူတစ်ယောက်ရဲ့ နောက်ကြောင်းကိုကြည့်ပြီး ဘယ်လိုလူလဲဆိုတာ ဆုံးဖြတ်မယ်လို့ ထင်စရာရှိပေမယ့် လက်တွေ့မှာတော့ အဲ့လိုမဟုတ်နေပါဘူး။ဥပမာ ကိုယ့်သူငယ်ချင်းက ကိုယ့်ကို သူနဲ့ Date ခဲ့တဲ့ ကောင်မလေးတစ်ယောက်အကြောင်း ပြောပြနေတယ်ဆိုကြပါစို့။ ကောင်မလေးက ဖော်ဖော်ရွေရွေရှိတယ်၊ သွက်လက်ချက်ချာတယ်၊ ပွင့်လင်းတယ်၊ ကိုယ့်အားကို ကိုးချင်စိတ်ရှိတယ် စသဖြင့်ပြန်ပြောပြရင် ကိုယ့်အနေနဲ့ သူ့ကို ဘယ်လိုမိန်းကလေးလို့ သတ်မှတ်မလဲ။ဒီဘက်ခေတ် မိန်းကလေးတစ်ယောက်လို့ မြင်မိမှာပါ။ ကောင်မလေးက ရိုးရိုးအေးအေးပဲ၊ စကားသိပ်မပြောဘူး၊ ရှက်တတ်တယ် ဆိုရင်တော့ ကိုယ့်စိတ်ထဲမှာ ခေတ်သိပ်မဆန်တဲ့မိန်းကလေးအဖြစ် မြင်မိမှာပါ။ဒီတော့ ဒီ ၂ယောက်ထဲမှာ ဘယ်သူက ကွက်ကျော်ပိုရိုက်တတ်မလဲ၊Continue reading “လောကကြီးကို ဘောင်ခတ်ကြည့်ခြင်း”
ပန်းကန်ပြားပျံ (UFO) တွေ တကယ်ရှိတာလား?
၂၀၂၁ ခုနှစ် ဇွန်လတုန်းက ပင်တဂွန်ဟာ UFO တွေအကြောင်းကို သတင်းစာရှင်းလင်းပွဲမှာ ချပြခဲ့ပါတယ်။ သူတို့ Navy Pilot တွေပျံသန်းနေတဲ့အချိန်မှာ တွေ့ခဲ့ရတဲ့ UFO တွေရဲ့ Video ၃ခုကို ထုတ်ပြန်လိုက်တာပါ။ UFO ဆိုတာ အမျိုးအမည်မသိတဲ့ ယာဉ်ပျံများ (Unidentified Flying Objects) လို့ ဘာသာပြန်ရမယ်ထင်ပါတယ်။UFO တွေဟာ လူတွေကို ခေါင်းစားစေတာ နှစ်ပေါင်း ၈၀ လောက်ရှိနေပါပြီ။ သူတို့ကို မီပြီးတော့ Science Fiction မှာ ဂြိုလ်သားဇာတ်လမ်းတွေ ပေါ်လာတာပါ။ ဒါကြောင့် ပင်တဂွန်ကတော့ သတင်းစာရှင်းလင်းပွဲမှာ ဒီယာဉ်ပျံတွေကို UFO လို့မခေါ်ပါဘူး။ UAP လို့ခေါ်လိုက်ပါတယ်။ အရှည်က Unidentified Aerial Phenomena ပါ။ ဒီလိုထုတ်ပြန်လိုက်တော့ AliensContinue reading “ပန်းကန်ပြားပျံ (UFO) တွေ တကယ်ရှိတာလား?”