Ex ကိုမမေ့နိုင်ခြင်းနောက်ကွယ်က စိတ်ပညာ

ခေါင်းစဉ်အကြောင်းကို တန်းမပြောခင် ကြိုသိထားသင့်တဲ့အရာတွေ ရှိပါတယ်။ စီးပွားရေးတော့ ဆန်ပါမယ်။ လူတွေရဲ့စိတ်အခံကို အရင်သိဖို့အတွက်တော့ ပြောရမှာပါ။ ပုလဲကုန်သည်တစ်ယောက်ကို တစ်နေ့မှာ လူတစ်ယောက်က စျေးကွက်မဝင်တဲ့ ပုလဲနက် (Black Pearl) တွေကို ရောင်းဖို့သူ့ကို လာကမ်းလှမ်းတယ်။ သူလည်း အဆွယ်ကောင်းလို့ လက်ခံလိုက်တယ်။ ဒါပေမယ့် ဝယ်လိုအားကမရှိတော့ ဘယ်လိုရောင်းရောင်းမထွက်သွားဘူး။ ပုလဲတွေက ခပ်ညိုညို၊ ခပ်ကြီးကြီးဆိုတော့ လူတွေက မကြိုက်ကြဘူး။ နောက်ဆုံးမှာတော့ သူနဲ့ခင်တဲ့ရတနာအရောင်းဆိုင်ဆီသွားပြီး ဒီပုလဲတွေကို စျေးကြီးကြီးနဲ့ တင်ရောင်းခိုင်းတယ်။ သတင်းစာတွေမှာလည်း ဘယ်လောက်လှကြောင်း ကြော်ငြာတာပေါ့။ ဒီလိုနဲ့ အစပိုင်းမှာ ဝယ်လိုအားမရှိတဲ့ ပုလဲနက်တွေက စျေးကွက်ဝင်သွားတယ်။Mark Twain ကတော့ “လူတွေပစ္စည်းတစ်ခုကို တန်ဖိုးထားစေချင်ရင် ရှားပါးအောင်လုပ်လိုက်ပါ” လို့ ပြောခဲ့ဖူးတယ်။ ငန်းဘဲပေါက်လေးတွေဟာ သူတို့ဥကထွက်လာပြီး ပထမဦးဆုံးမြင်တဲ့လှုပ်ရှားတဲ့အရာကို သူတို့အမေလို့ထင်ကြတယ်။ အဲ့ဒီအခါမှာContinue reading “Ex ကိုမမေ့နိုင်ခြင်းနောက်ကွယ်က စိတ်ပညာ”

ခေါင်းထဲကထုတ်မရတဲ့ သီချင်းများရဲ့နောက်ကွယ်

ကိုယ်ကြိုက်ပြီး ခဏခဏနားထောင်မိတဲ့သီချင်း ဒါမှမဟုတ် bus ကားစီးရင်း ခဏခဏကြားမိတဲ့ သီချင်းတွေဟာ ကိုယ်နားမထောင်တော့တဲ့အချိန်မှာတောင် ပြန်ကြားနေတာ၊ မသိစိတ်ထဲက လိုက်ဆိုနေတာ မျိုးကြုံဖူးကြမှာပါ။တစ်ခါတစ်လေ ကိုယ့်ဟာကိုယ်တောင် သတိမထားမိဘဲ သီချင်းက ခေါင်းထဲပေါ်လာပြီး background music ဖွင့်ထားသလို ဘာလုပ်လုပ် ရှိနေတတ်မျိုးပေါ့။ အဲ့လိုဖြစ်ရပ်ကို earworms လို့ခေါ်ပါတယ်။တစ်ချို့ကျတော့လဲ brainworm, sticky music , stuck song music syndrome လို့လဲ ခေါ်ကြပါတယ်။Earworm ကို German စကားလုံး Ohrwurm ကနေဘာသာ ပြန်ယူထားတာလို့ ပြောပါတယ်။Ohr ဆိုတာက နားလို့ အဓိပ္ပါယ်ရပြီး wurm ဆိုတာကတော့ ပိုးကောင်ပေါ့ ဆိုလိုတာကတော့ နားထဲဝင်တဲ့ပိုးကောင်ပေါ့။ အနောက်နိုင်ငံတွေမှာ 98% လောက် earworm ကို ကြုံရတယ်လို့Continue reading “ခေါင်းထဲကထုတ်မရတဲ့ သီချင်းများရဲ့နောက်ကွယ်”

Autocorrect လုပ်နိုင်တဲ့သင့်ဦးနှောက်

အောက်ကပုံကိုတချက်ကြည့်ပေးပါ။ပုံထဲကစာကို စိတ်ထဲမှာ ခပ်မြန်မြန်ဖတ်ပေးပါ။ နောက်တခေါက်လောက် ခပ်ဖြေးဖြေး အသံထွက်ဖတ်ပေးပါ။ ဘာထူးခြားသွားလဲ… သင်သတိထားမိပါသလား။ ပေးထားတဲ့စာထဲမှာ အမှားတခုရှိနေပါတယ်။ ပြန်ရှာကြည့်လိုက်ပါ။ “The” ၂လုံးထပ်နေတာကိုသတိထားမိလိုက်ပါသလား။ ပထမတုန်းက ခပ်မြန်မြန်ဖတ်လိုက်တော့ သင့် brain က Autocorrect လုပ်ချလိုက်တာပါ။နောက်တခါထပ်ဖတ်တော့မှပဲ အမှားကိုတွေ့တာပါ။ ကဲ… နောက်တခါထပ်စမ်းကြည့်ရအောင်။ အောက်ကစာကိုဖတ်ကြည့်ပါဦး… မြန်မြန်လေးဖတ်ပေးပါ။ သင်၂ခါထပ်ဖတ်မိနေပြီမလား။ ဒီတခါတော့ အထာနပ်သွားလောက်ပြီထင်ပါတယ်။ သင်တယောက်တည်းမဟုတ်ပါဘူး။ လူတိုင်းလိုလို စာမြန်မြန်ဖတ်ရင် အမှားတွေကို brain ကပြင်ပြီးဖတ်လိုက်ပါတယ်။ သိပ်မသိသာတဲ့အမှားမျိုးဆို brain ကခပ်တည်တည်ပဲ လူလည်ကျပြီး ဖတ်သွားပါတယ်။အထူးသဖြင့် မြန်မြန်ဖတ်ရတဲ့အခါပေါ့။ စာမေးပွဲခန်းထဲမှာ စာမေးပွဲမေးခွန်းစာရွက် စ,စရရင် အမြန်ဖတ်ပြီး ကိုယ်ကျက်ထားတဲ့အပုဒ်တိုးသလား ရှာတဲ့အခါဆို အရမ်းသိသာပါတယ်။ Autocorrect ကတခါတလေလဲအသုံးဝင်ပါတယ်။မလိုတဲ့နေရာမှာအချိန်မကုန်တော့ဘဲ လိုတာကိုဖတ်လို့ရအောင် လုပ်ပေးထားတာပါ။ နောက်တခုလောက်ထပ်စမ်းသပ်ကြည့်ရအောင် အောက်က စာမှာ ဘာမှားနေလဲContinue reading “Autocorrect လုပ်နိုင်တဲ့သင့်ဦးနှောက်”

သင့်ဦးနှောက်ရဲ့ ၁၀% ကိုပဲသုံးလို့ရသေးတာ တကယ်ပဲလား?

Lucy ဆိုတဲ့ရုပ်ရှင်ကိုကြည့်ဖူးရင် ဒီအကြောင်းကို ကောင်းကောင်းသိမှာပါ။ ရုပ်ရှင်ထဲမှာ ကျနော်တို့ရဲ့အချစ်တော်မင်းသားကြီး မော်ဂန်ဖရီးမန်းက စကားတခွန်းပြောလိုက်ပါတယ်။ “ဦးနှောက်ရဲ့ ၂၀%” ကိုသုံးလို့ရတယ်လို့ ယူဆလိုက်ကြရအောင်” တဲ့။ ပုံမှန်ဆို ဦးနှောက်ရဲ့ ၁၀% ကိုပဲသုံးလို့ရတယ်ပေါ့။ ပိုပြီးသာ သုံးလို့ရလာရင်ဘယ်လိုဖြစ်လာမလဲဆိုတာကို ဆွေးနွေးနေကြတာပါ။ ဒါဆို ကျနော်တို့ တကယ်ပဲ ၁၀% သောဦးနှောက်ကိုသာသုံးလို့ရနေတာလား။ လုံးဝ မဟုတ်ပါဘူး။တကယ်တော့ ကျနော်တို့အားလုံး ဦးနှောက်ရဲ့ ၁၀၀% ကိုသုံးနေကြတာပါ။ ၁၀% ပဲကွက်ပြီး သုံးလို့မရပါဘူး။ ဒါဖြင့်ရင် ဘာလို့ ဒီအယူအဆမှားကြီးက လူတွေကြားထဲမှာ ပြန့်နှံ့နေရတာပါလဲ။ ဒီဂျင်းစကားကြီးကဘယ်ကစတာလဲ၊ ဘယ်သူစပြောတာလဲဆိုတာ သေချာမသိကြပါဘူး။ ဖြစ်နိုင်တာတခုကတော့ ကြော်ငြာတွေက လျှောက်ကြော်ငြာကြရင်း ပြန့်လာတာဖြစ်နိုင်ပါတယ်။ အရွယ်ရောက်ပြီး လူတယောက်ရဲ့ ဦးနှောက်က 1400 ဂရမ် (3 ပေါင်) လောက်လေးပါတယ်။ တကယ်လို့သာContinue reading “သင့်ဦးနှောက်ရဲ့ ၁၀% ကိုပဲသုံးလို့ရသေးတာ တကယ်ပဲလား?”

သင့်မှာ Typoglycemia အစွမ်းရှိနေသလား?

အရင်ဆုံး ဘာမှမပြောကြသေးခင် အောက်မှာပါတဲ့ အင်္ဂလိပ်စာကြောင်းလေးတွေကို ခပ်သွက်သွက် ဖတ်ကြည့်လိုက်ပါ။ သင်ဖတ်လို့ရပါသလား….အဓိပ္ပာယ်ရှိနေပါသလား။ သင်ဖတ်လို့ရတယ်ဆိုရင်တော့ သင့်မှာ Typoglycemia ဆိုတဲ့ အစွမ်းတခုရှိနေပါတယ်။ Typoglycemia ဆိုတာက သင့်ဦးနှောက်ရဲ့ စာဖတ်ပုံအစွမ်းကိုပြောချင်တာပါ။ ဦးနှောက်က စာလုံးတွေကိုဖတ်တဲ့အခါ စာလုံးပေါင်းပြီး အက္ခရာတလုံးချင်းစီလိုက်မဖတ်ပါဘူး။ အရှေ့ဆုံးအက္ခရာနဲ့ နောက်ဆုံးအက္ခရာကိုသာ ဖျတ်ခနဲကြည့်ပြီး ဘာစာလုံးဖြစ်လောက်သလဲဆိုတာကို ခန့်မှန်းဖတ်တာပါ။ အထူးသဖြင့် စာကိုမြန်မြန်ဖတ်ရတဲ့အခါမှာ ပိုသိသာပါတယ်။ အလယ်ကအက္ခရာတွေကို နေရာရွှေ့ထားပေမယ့်လဲထိပ်ဆုံးကအက္ခရာနဲ့ နောက်ဆုံးအက္ခရာမှန်နေသ၍ ခန့်မှန်းပြီးဖတ်လို့ရနေပါတယ်။ အောက်ကစာကိုဖတ်ပြီး နောက်တကြိမ်စမ်းကြည့်ရအောင်။ ဘယ်လိုလဲ…သင်ဖတ်လို့ရပါသလား။ ဒီလိုဖတ်တတ်တဲ့သူတွေကို Typoglycemia အစွမ်းရှိတယ်… လူသားအားလုံးရဲ့ ၄% လောက်ပဲဒီလိုဖတ်တတ်တာ… သင်က စူပါဦးနှောက်ရှိပါတယ်ဆိုပြီး အင်တာနက်မှာ လျှောက်ပြောကြတာရှိပါတယ်။ တကယ်တမ်းကတော့ လူတိုင်းလိုလို အင်္ဂလိပ်စာနဲနဲတတ်ရင် ဒါကိုဖတ်လို့ရပါတယ်။အလေ့အကျင့်လေးရှိရင် ပိုလွယ်သွားပါတယ်။ သင်က Typoglycemia ရှိလို့ ပိုပြီး smartContinue reading “သင့်မှာ Typoglycemia အစွမ်းရှိနေသလား?”

Design a site like this with WordPress.com
Get started