အချောင်ခိုခြင်းနဲ့ စိတ်ပညာ

ကိစ္စကြီးကြီးမားမားတစ်ခုကို ပြီးမြောက်အောင် အချိန်တွေ၊ လုပ်အားတွေလိုပါတယ်။ ဒါပေမယ့် လူအင်အားတော့ များများစားစား သိပ်မလိုဘူး။ ဘာလို့လဲဆိုတော့ လူတွေဟာ အစုအဖွဲ့နဲ့ဖြစ်သွားရင် အချောင်ခိုတတ်တယ်လို့ ဆိုပါတယ်။ သာမန်အတွေးနဲ့ စဉ်းစားကြည့်ရင်တော့ အလုပ်များများကို မြန်မြန်ပြီးစေချင်ရင် လူများများသုံးရမယ်လို့ တွေးမိမှာပါ။ ဒါပေမယ့် လူတွေဟာ တစ်ယောက်တည်းအလုပ်လုပ်တာထက်စာရင် အဖွဲ့နဲ့အလုပ်လုပ်တဲ့အခါ ပိုပြီး အသားခိုတတ်တယ်လို့ လေ့လာမှုတွေအရတွေ့ရပါတယ်။ ဒါကို စမ်းသပ်ထားတာရှိပါတယ်။ လူတွေကို မျက်စိကို Blindfold လုပ်ပြီး လွန်ဆွဲခိုင်းတာပါ။ သူတို့စိတ်ထဲမှာတော့ တဖက်က အဖွဲ့နဲ့ပြိုင်ဆွဲနေရတယ်ထင်အောင် ကြိုးကို စက်တစ်ခုမှာ ချိတ်ထားလိုက်ပါတယ်။ ကိုယ်တစ်ယောက်ထဲဆွဲရတဲ့အခါ ရှိသလို လူအများနဲ့ဆွဲရတဲ့အခါလည်း ရှိပါတယ်။ ထူးခြားတာက အများနဲ့ဆွဲရတဲ့အခါ အားကို ၁၈% လျော့ပြီးဆွဲတယ်ဆိုတာပါ။ (Gym မှာ Grip Strength ကိုတိုင်းတဲ့စက်နဲ့ တိုင်းသလား မပြောတတ်ပါဘူး)Continue reading “အချောင်ခိုခြင်းနဲ့ စိတ်ပညာ”

လူတိုင်းမှာရှိသော်လည်း သေချာမသိတဲ့ မှတ်ဉာဏ်အမှားများ

ဦးနှောက်ကို မယုံဖို့အခါခါရေးခဲ့ဖူးပါတယ်။ အခုတစ်ခါတော့ မှတ်ဉာဏ်တွေကိုရော ယုံလို့ရလားဆိုတာ ရေးချင်ပါတယ်။ ခုချိန်မှာ ကိုယ့်ရဲ့ငယ်ဘဝကို စဉ်းစားလိုက်ရင် မှတ်မိတယ်လို့ ထင်စရာရှိပါတယ်။ အရာရာဟာ အစဉ်အတိုင်းပဲ ဖြစ်နေတယ်လို့ တွေးမိမှာပါ။ သူငယ်တန်းမှာ စပြီး ရင်ခုန်တတ်တယ်၊ ၁ တန်းတုန်းက ချော်လဲပြီး ခေါင်းပေါက်သွားတယ်၊ ၇ တန်းမှာ ဆရာမနဲ့ ပြဿနာအကြီးအကျယ်တက်ဖူးတယ် စသဖြင့်ပေါ့။ ဒါပေမယ့် ဒါတွေဟာ တကယ်မှန်ကန်လားဆိုတာ ပြောရခက်ပါတယ်။ ကိစ္စတစ်ခုကို ကိုယ်ထင်တဲ့ Version နဲ့ သူငယ်ချင်းတွေထင်တဲ့ Version ၂မျိုး သိသိသာသာ ကွဲလွဲနေတယ်လို့ ကျွန်တော်တို့ကို လာပြောကြတဲ့သူတွေ ရှိပါတယ်။ ကျွန်တော်တို့တွေရဲ့ မှတ်ဉာဏ်ကိုလာပြီး Challenge လုပ်မယ့်သူမရှိမရင် ဒါတွေကို မှန်တယ်လို့ပဲ တွေးမိနေမှာပါ။ တကယ်မှန်နေလား၊ မှားနေလားဆိုတာ သိနိုင်ဖို့တော့ ခက်ခဲပါတယ်။ ဒါပေမယ့်Continue reading “လူတိုင်းမှာရှိသော်လည်း သေချာမသိတဲ့ မှတ်ဉာဏ်အမှားများ”

Chaos Theory (Butterfly Effect)

ဒီအကြောင်းကိုရေးခိုင်းတဲ့သူတွေများလာလို့ ရေးလိုက်ပါတယ်။ စာကိုဖတ်ပြီးတဲ့အခါ သူ့ရဲ့ဆိုလိုရင်းကို အပေါ်ယံသဘောလောက်တော့ မြင်သွားမယ်ထင်ပါတယ်။ ဒီသီအိုရီကို Butterfly Effect လို့လည်းခေါ်ကြပါတယ်။ လေးဖြူရဲ့ ကစဉ့်ကလျားသီအိုရီ သီချင်းမှာလည်း “ကမ္ဘာကြီးရဲ့ အခြားတစ်ဖက်မှာ လိပ်ပြာလေး အတောင်တစ်ချက်ခတ်ခြင်းက အစပြုတဲ့ လေပွေမုန်တိုင်းများ” လို့ ဆိုခဲ့ပါတယ်။ ဒီသီချင်းကို နားထောင်တော့ ဘာအဓိပ္ပါယ်ကြီးလဲလို့ တွေးခဲ့မိပြီး သူပြောချင်တဲ့ ဆိုလိုရင်းကို သိပ်နားမလည်ခဲ့ပါဘူး။ ဒီသီအိုရီကို ဘယ်လိုဥပမာပေးကြလဲဆိုတော့ Brazil က လိပ်ပြာလေးတစ်ကောင် အတောင်ပံခတ်လိုက်တာ American Texas မှာ လေပွေမုန်တိုင်းတွေ ဖြစ်လာတယ်တဲ့။ ဒါကို နားလည်အောင် ပြောပြချင်ပါတယ်။ ဒီသီအိုရီကို Lorenz ဆိုတဲ့ ပုဂ္ဂိုလ်ဟာ Research Paper တစ်ခုအနေနဲ့တင်ခဲ့ရာက ဒီအကြောင်းကို လူသိများလာတာပါ။Paper ရဲ့အဓိက ဆိုလိုရင်းကတော့ သေးသေးဖွဲဖွဲကိစ္စလေးတွေဟာ အနာဂတ်မှာContinue reading “Chaos Theory (Butterfly Effect)”

ကိုဗစ်အလွန်ကမ္ဘာကြီးမှာ ဘာတွေပြောင်းလဲသွားမလဲ?

ကိုဗစ်ရောဂါကြီးပြီးဆုံးသွားတဲ့အခါ ကျနော်တို့ ကမ္ဘာမှာ အပြောင်းအလဲတွေ အများကြီးဖြစ်သွားမှာ သေချာပါတယ်။ Game changer ဖြစ်ခဲ့တဲ့ covid ရောဂါက လူတွေတခါမှမကြုံဖူးတဲ့ စိတ်ဒဏ်ရာတွေ၊ stress တွေ အများကြီးထားခဲ့ပြီးပါပြီ။ ကိုဗစ်အလွန်ကာလကြီးမှာ ဘာတွေဆက်ဖြစ်လာမလဲဆိုတာ လူတိုင်း သိချင်နေကြမှာပါ။ ကျနော်နဲ့အတူတူ အနာဂတ်ကမ္ဘာကြီးကို ခဏလောက်လိုက်ကြည့်ရအောင်။ စီးပွားရေးဖက်ကပြောရရင်တကမ္ဘာလုံးက စီးပွားရေးကပ်နဲ့ကြုံနေရပြီး အငတ်ဘေးတွေ ကြုံတွေ့ထားပါတယ်။ အနာဂတ်မှာတော့ စီးပွားရေးကို နာလန်ထူအောင်ပြန်လုပ်ကြရင်း ပြိုလဲထားတဲ့ စျေးကွက်တွေကိုပြန်ထူထောင်ကြရမှာပါ။ အထူးသဖြင့် Cryptocurrency တွေပိုခေတ်စားလာပြီး Cash တွေတဖြေးဖြေးမသုံးသလောက်ကိုဖြစ်သွားကြတော့မှာပါ။ ကျနော်တို့ဆီမှာတောင် Mobile banking တွေ ATM တွေနဲ့ အသားကျလာပြီး လူငယ်တွေဆို Bitcoin ဖက်ကိုပါလှည့်လာကြပါပြီ။ လုပ်ငန်းခွင်မှာဆိုလဲ တချို့အလုပ်အကိုင်တွေပျောက်ကွယ်သွားတော့မယ်လို့ ခန့်မှန်းနေကြပါတယ်။ အထူးသဖြင့် စက်နဲ့လုပ်ကိုင်ရတဲ့အလုပ်တွေ၊ လူမလိုဘဲ စက်ရုပ်နဲ့ထိန်းချုပ်တဲ့ အလုပ်တွေကContinue reading “ကိုဗစ်အလွန်ကမ္ဘာကြီးမှာ ဘာတွေပြောင်းလဲသွားမလဲ?”

Panic buying နောက်ကွယ်က psychology (Part 2)

လိုလိုမလိုလို ဝယ်စုထားခြင်းက panic buying ကို ပိုဆိုးအောင် လောင်စာထည့်နေသလိုပါပဲ။ ပထမပိုင်းက ဥပမာမှာလို ကြက်ဥသွားဝယ်တဲ့အခါ ကိုယ့်လက်ထဲမှာ ငွေဘယ်လောက်ကျန်သလဲပေါ်မူတည်ပြီး မလိုတာတွေထပ်ထပ်ဝယ်မိစေပါတယ်။ ငွေကုန်သွားရင်တော့ ဝယ်မိမှာမဟုတ်တော့ပါဘူး။ ဒီအချက်ကိုကြည့်ရင် ပိုက်ဆံတတ်နိုင်တဲ့သူတွေကသာ panic buyer တွေပိုဖြစ်နေတတ်ပါတယ်။ ပိုက်ဆံကိုအရမ်းသုံးပြီး မလိုတဲ့အရာတွေကိုပါ ဝယ်ထားမိတော့ ငွေတန်ဖိုးကလဲတဖြေးဖြေးကျလာပါတော့တယ်။ ပစ္စည်းတွေကသာစျေးတက်လာပြီး ငွေကအသုံးမခံဖြစ်လာပါတော့တယ်။ ဒါ့အပြင် panic buying လုပ်တဲ့သူတွေက တကယ် အထိတ်တလန့် panic ဖြစ်နေတဲ့သူတွေလုပ်တာထက် တခုခုဆို ကြိုစီစဥ်ချင်တဲ့သူတွေ စျေးတင်ပြီးပြန်ရောင်းချင်တဲ့ လောဘသမားတွေကလုပ်ကြတာများပါတယ်။ Panic တကယ်ဖြစ်တဲ့သူတွေကကျ ဘယ်လိုတွေးလဲဆိုတော့ဝယ်ရမလား… လိုပါ့မလား… ပိုက်ဆံကုန်သွားမလား ဆိုပြီးတွေးကာ ချီတုံချတုံဖြစ်နေပါတယ်။ အဲ့လိုနဲ့ အချိန်ဆွဲနေမိရင်း နောက်ဆုံးမှာမှလုယက်ပြီးသွားဝယ်မိကြတဲ့ last minute buying လုပ်ဖြစ်သွားပါတော့တယ်။ Panic buying လုပ်မိခြင်းရဲ့Continue reading “Panic buying နောက်ကွယ်က psychology (Part 2)”

Design a site like this with WordPress.com
Get started