2D, 3D, 4D ဆိုပြီးကြားဖူးနားဝရှိကြတော့ Dimension ဆိုတာ ကျွန်တော်တို့တွေနဲ့ အရမ်းမစိမ်းကားကြဘူးလို့ထင်ပါတယ်။သိပ္ပံဇာတ်လမ်းတွေ၊ Science Documentary တွေထဲမှာ Dimension ဆိုပြီး ပြောကြဆိုကြတာ ကြားဖူးကြမှာပါ။ဒါဆို Dimension ဆိုတာဘာလဲ။အရွယ်အစား၊ ထုထည်ပမာဏဆိုတာမျိုး အကြမ်းအားဖြင့်ပြောနိုင်ပါတယ်။ မြင်အောင်ပြောရရင် အမှတ်စက် တစ်ခုကို Zero Dimension လို့သတ်မှတ်ကြတယ်။ ဘယ်အရပ်ကိုမှ မရွေ့နေ မညွှန်ပြနေလို့ဖြစ်တယ်။ မျဉ်းတစ်ကြောင်းကို One Dimension လို့သတ်မှတ်တယ်။ သူ့မှာအနက် (Depth) မရှိဘူး။ဒါဆို Two Dimensions ကိုသိနိုင်ကြမယ်ထင်ပါတယ်။ စာရွက်ပေါ်မှာ ဆွဲလိုက်တဲ့ ထောင့်မှန်စတုဂံတစ်ခုကို မြင်ကြည့်ပါ။ Three Dimensions မှာတော့ အလျား၊ အနံ၊ အမြင့် ၃ခုလုံး ရှိနေပါပြီ။ မြင်တွေ့ရသမျှ လောကကြီးက 3D ပါပဲ။(ဒီနေရာမှာ စိတ်ဝင်စားစရာကောင်းတာContinue reading “Dimension များကို နားလည်ကြည့်ခြင်း”
Author Archives: Science Nuts
ကျန်းမာချင်လား ငှက်ပျောသီးစား!
“An apple a day keeps the doctor away” ဆိုတဲ့ slogan လေးကို ကြားဖူးကြမှာပါ။ စားကြည့်တော့ သိပ်မထူးခြားဘူးဖြစ်နေလား??..ငှက်ပျောသီးပြောင်းစားကြည့်ပါလား! လေ့ကျင့်ခန်းလုပ်တာတို့ အချိန်မှန်မှန်အိပ်တာတို့က နှလုံးရောဂါ၊ လေဖြတ်တာတွေကို ကာကွယ်ဖို့နည်းလမ်းကောင်းတွေပါ။ ဒါပေမယ့် သင်စားတဲ့အစားအစာတွေကိုလဲ လျှော့မတွက်ပါနဲ့။ အမေရိကန်နိုင်ငံ အလာဘားမားတက္ကသိုလ်က သုတေသနသမားတွေလေ့လာထားတဲ့ စစ်တမ်းတစ်ခုအရ နေ့တိုင်းငှက်ပျောသီးစားပေးရင် နှလုံးရောဂါနဲ့ လေဖြတ်တာကို ကာကွယ်ပေးပါတယ်တဲ့။ သုတေသနကတော့ သွေးထဲမှာရှိတဲ့ ပိုတက်စီယမ်တွေက သွေးလွှတ်ကြောတွေနဲ့ သွေးလှည်ပတ်မှုအပေါ်ဘယ်လိုအကျိုးသက်ရောက်လဲ လေ့လာတာဖြစ်ပါတယ်။ သူတို့ရဲ့စစ်တမ်းအရ ‘ပိုတက်စီယမ်ဓာတ်’ နည်းနေတဲ့ကြွက်တွေရဲ့သွေးလွှတ်ကြောတွေက များနေတဲ့ကြွက်တွေရဲ့သွေးလွှတ်ကြောတွေထက် ပို မာနေတာကိုတွေ့ရပါတယ်တဲ့။ ပိုတက်စီယမ် များတဲ့ကြွက်တွေရဲ့ သွေးလွှတ်ကြောမကြီးကလဲ ပိုပြီးပျော့ပြောင်းပါတယ်တဲ့။ ၂၀၁၁ခုနှစ်က “Journal of American College of Cardiology” မှာ ဖော်ပြခဲ့တဲ့Continue reading “ကျန်းမာချင်လား ငှက်ပျောသီးစား!”
အလှတရား – ဘာလဲ
တချို့ကပြောတယ်၊ လှအောင်နေရင် confidence တက်စေသတဲ့။ ဒါဖြင့်ရင် လှမှန်းဘယ်လို သိကြမလဲ။ အဆိုတစ်ခုတိုင်းမှာ ဘာကြောင့်လဲ ဘယ်လိုလဲဆိုတဲ့ မေးခွန်းတွေ ရှိရှိလာတာကိုက ဒဿနိကပညာရဲ့ အလှလို့ ပြောလို့ရပါတယ်။ လှတယ် မလှဘူးကို လူတွေက ဆုံးဖြတ်တာကိုတော့ ဘယ်သူမှ မငြင်းကြဘူးမလား။ ဒါဖြင့် လူတွေကို နှစ်မျိုးပြန်ခွဲမယ်။ မိမိနဲ့ အခြားပေါ့။ ဘိုလိုဆိုရင် self and non-self ပေါ့။ ကိုယ်က confidence တက်ချင်လို့ လှအောင်နေပါပြီဆိုပါစို့။ ကိုယ်လှနေကြောင်းကို တစ်ယောက်ယောက်ကတော့ အတည်ပြုပေးရမှာပဲ။ ဒါငြင်းမရတဲ့ အမှန်တရား။ အနည်းဆုံးတော့ ကိုယ့်ကိုယ်ကိုတော့ လှတယ်ထင်ကြတာပဲ။ ထင်ရတာပဲ။ ဒါကိုပဲ self-confidence လို့ ပြောကြတာ မဟုတ်ဘူးလား။ လှတဲ့သူတွေလှနေလို့ (လှတယ်လို့ ဝိုင်းပြောကြတာတွေ့ရလို့) မလှဘူးလို့ ကိုယ့်ကိုယ်ကို ထင်နေသူတွေContinue reading “အလှတရား – ဘာလဲ”
ကြောင်မျက်လုံးများ ညဖက်တွင် အရောင်တောက်ရခြင်း နှင့် ကားလမ်းပေါ်က Cat Eyes များ
ညဖက် အမှောင်ထဲတွင် ကြောင်မျက်လုံးများ အရောင်တောက်နေတာကို စာဖတ်သူတို့ မြင်ဖူးကြုံဖူးကြမှာပါ။ လူသားတွေမှာတော့ အဲ့လိုမျက်လုံးအရောင်လင်းတာမျိုး မရှိကြပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကြောင်အပါအဝင် အခြားသော ညဖက်ကျက်စားတတ်တဲ့တိရစ္ဆာန်များရဲ့ မျက်လုံးမှာ အစိတ်အပိုင်းတခုအပို ပါဝင်နေလို့ပါပဲ။ အဲ့အစိတ်အပိုင်းလေးကို Tapetum lucidum လို့ခေါ်ပါတယ်။ Tapetum lucidum ဆိုတာ အလင်းပြန်တတ်တဲ့ အလွှာလေးတခုဖြစ်ပြီး မြင်လွှာ retina ရဲ့အနောက်မှာတည်ရှိပါတယ်။ သူရဲ့ အလင်းပြန်တတ်တဲ့ ဂုဏ်သတ္တိနဲ့ ညဖက်မှာ မြင်လွှာပေါ်ကို အလင်းတွေပိုရောက်အောင်လုပ်ပေးပြီး အမှောင်ထဲမှာပိုမြင်ရအောင် ကူညီပေးပါတယ်။ Tapetum lucidum က အရောင်ပြန်ဟပ်စေတတ်တဲ့သဘာဝရှိလို့ ကြည့်တဲ့ရူထောင့်ပေါ်မူတည်ပြီး အရောင်ပြောင်းနိုင်ပါတယ်။ ဒါကြောင့် တိရစ္ဆာန်တကောင်နဲ့တကောင် မျက်လုံးအရောင်ထွက်ပုံခြင်းမတူပါဘူး ကျားနဲ့ ကြောင်များတွင် အစိမ်းဖန့်ဖန့်တွေ့ရပြီး ခွေးများတွင်မူ အဖြူသမ်း၍ ဘေးဖက်တွင်အပြာရောင်ထွက်လေ့ရှိပါတယ်။ ဤကဲ့သို့ ကြောင်များတွင် ညဖက်မျက်လုံးလင်းတာကို အတုယူ၍Continue reading “ကြောင်မျက်လုံးများ ညဖက်တွင် အရောင်တောက်ရခြင်း နှင့် ကားလမ်းပေါ်က Cat Eyes များ”
လူရဲ့စိတ်ကို ထိန်းချုပ်နိုင်သော Mind-controlling Virus အကြောင်း
အခုရေးသားမယ့် Virus ဟာ သူအသက်ရှင်ရပ်တည်ဖို့အတွက် လူရဲ့စိတ်ကိုပြောင်းလဲအောင် လုပ်ပစ်နိုင်တယ်။လူဟာ သေဆုံးတဲ့အချိန်အထိ Virus ရဲ့ထိန်းချုပ်မှုအောက်က ရုန်းမထွက်နိုင်တော့ဘူး။ ဒီ Virus အကြောင်းမပြောခင် Bacteria နဲ့ Virus ဘယ်လိုမတူလဲဆိုတာ အရင်ပြောပြချင်ပါတယ်။ အခုကာလမှာ COVID ဖြစ်ရင် ဒီစကားလုံး ၂လုံးကို ထည်လဲ ကြားရပါတယ်။ Virus ဝင်ပြီးရင် Secondary Bacterial Infection ဝင်တယ်ဆိုတာ ကြားဖူးကြမှာပါ။ ဒီ ၂ခုဝင်တာကို Infection ဝင်တယ်လို့ ရောပြီးခေါ်ကြပေမယ့် လက်တွေ့မှာ သူတို့ ၂ခုက အပုံကြီးကွာပါတယ်။ ပုံရဲ့အပေါ်ဘယ်ထောင့်မှာ သွေးနီဥနဲ့ Bacteria ကိုယှဥ်ပြထားပါတယ်။ ကျန်တဲ့ပုံတွေက Bacteria နဲ့ Virus ကိုယှဥ်ပြထားတာပါ။ ဘယ်လောက်သေးလဲဆိုတာ မြင်နိုင်မယ်ထင်ပါတယ်။ သူတို့က ဖြစ်တဲ့ရောဂါတွေဟာလည်း မတူကြပါဘူး။Continue reading “လူရဲ့စိတ်ကို ထိန်းချုပ်နိုင်သော Mind-controlling Virus အကြောင်း”