တလောကပဲ စာဖတ်သူတယောက်က Facebook က post တခုကိုလာပြပြီး ဒီစမ်းသပ်ချက်ဖြစ်နိုင်သလား ဆိုတာကို လာမေးထားပါတယ်။ အဲ့အကြောင်းလေးကို ဒီ post မှာရှင်းပြသွားပါမယ်။ အဲ့ post လေးရဲ့ အကျဥ်းချုပ်ကတော့ ပန်းသီးကို ခြမ်းပြီး ပုလင်း ၂လုံးထဲခွဲထည့်ထားမယ်။ တပုလင်းမှာ Good apple ဆိုပြီးရေးတယ်။ နောက်တပုလင်းမှာ Bad apple ဆိုပြီးရေးတယ်။ ပြီးရင် Good apple ပုလင်းကို နေ့တိုင်း ချီးကျူးစကားတို့ ချိုသာတဲ့စကားတို့ ပြောမယ်။ သီချင်းသံချိုချိုလေးတွေ နေ့တိုင်း ဖွင့်ပြမယ်။ Bad apple ပုလင်းကိုကျတော့ ဆဲဆိုစကားတွေ၊ အပြစ်တင်စကားတွေ၊ ကဲ့ရဲ့စကားတွေပြောမယ်။ တဖြေးဖြေးနဲ့ ပန်းသီး ၂လုံးက ပြောင်းလဲလာမယ်။ ရိုင်းစိုင်းတဲ့စကားသံတွေကြားရတဲ့ Bad apple က တဖြေးဖြေးContinue reading “ပန်းသီးကောင်း၊ ပန်းသီးဆိုး စမ်းသပ်ချက်နဲ့ Junk science”
Author Archives: Science Nuts
ဘဝမှာ အကောင်းမြင်စိတ်ရှိဖို့လိုလား?
အောက်က မေးခွန်းကိုဖြေပြီး ကိုယ်က တော်၊ သင့်၊ ညံ့ဘယ်အထဲမှာ ဝင်မလဲ စဉ်းစားပေးပါ။ ၁။ သူများတွေနဲ့ သင့်သင့်မြတ်မြတ်နေနိုင်တယ်။၂။ ခေါင်းဆောင်မှုစွမ်းရည်၃။ Logic ကျကျစဉ်းစားနိုင်စွမ်း၄။ ကားမောင်းစွမ်းရည် (မမောင်းတတ်ရင် မဖြေပါနဲ့)၅။ ရိုးသားမှု၆။ ပျော်ရွှင်မှု၇။ စိတ်ဝင်စားစရာကောင်းမှု၈။ ဆွဲဆောင်မှု ဖြေပြီးမှ ဆက်ဖတ်ပေးပါ။ ညံ့တယ်လို့ ဖြေထားတဲ့အဖြေပါပါသလား? မပါဖို့များပါတယ်။လူတွေက သူတို့ကိုယ်သူတို့ အခြားသူတွေထက် ပိုတော်တယ်လို့ ထင်ကြတာ သဘာဝပါပဲ။ ကိုယ့်ကိုကိုယ် Unique ဖြစ်တယ်လို့ ထင်တတ်ကြတယ်။ “တော်” ဆိုပြီး မဖြေထားရင်တောင်မှ “သင့်” လောက်တော့ဖြေထားဖို့များပါတယ်။ ဒါပေမယ့် လူတိုင်းက “သင့်” (သို့) “တော်” ဖြစ်နေလို့တော့ မရပါဘူး။ “ညံ့” သမားတွေလည်း လိုပါတယ်။ ဒီစမ်းသပ်မှုမှာ ပါဝင်တဲ့လူ ၈၅% က “သင့်”Continue reading “ဘဝမှာ အကောင်းမြင်စိတ်ရှိဖို့လိုလား?”
ကမ္ဘာပျက်တော့မယ်… ဟောကိန်းများနဲ့ နောက်ကွယ်က စိတ်ပညာ
ကမ္ဘာပျက်တော့မယ်ဆိုပြီး ပြောကြတာ ခဏခဏကြားရပါတယ်။ ၂၀၁၂ ခုနှစ်တုန်းကလည်း Mayan ပြက္ခဒိန်အရ ကမ္ဘာပျက်မယ်လို့ တစ်ခေတ်ထလိုက်သေးတာ မှတ်မိကြဦးမှာပါ။ ဒါပေမယ့် ဒီလိုခန့်မှန်းမှုမျိုးတွေကို အမြဲကြားရတတ်ပါတယ်။သိပ္ပံမှာလည်း Y2K Scare ဆိုပြီး ၂၀၀၀ ခုနှစ်က နာမည်ကြီးလိုက်ပါသေးတယ်။ ဘာသာရေးနဲ့ ရောထွေးပြီးတော့ ၂၀၀၀ ခုနှစ်မှာ ယေရှုခရစ်တော်ပြန်လည်မွှေးဖွားလာမယ်ဆိုပြီး ဖြစ်သွားပါတယ်။ ၂၀၀၉ ခုနှစ်က ဂျီနီဗာမြို့မှာ အမှုန်တွေကို လေ့လာဖို့ Large Hadron Collider ကိုတည်ဆောက်ခဲ့ပါတယ်။ ဒါပေမယ့် သိပ္ပံပညာရှင်အချို့က LHC ကြောင့် တွင်းနက်အသေးလေးပေါ်လာပြီး ကမ္ဘာကိုဝါးမျိုသွားလိမ့်မယ်။ ကမ္ဘာပျက်သွားနိုင်တယ်လို့ ပြောပြီး LHC တည်ဆောက်တာကို တားဆီးဖို့ကြိုးစားခဲ့ဖူးပါတယ်။ (Flash Series ထဲမှာတော့ Particle Accelerator ကြောင့် တွင်းနက်တစ်ခု တကယ်ပဲပေါ်လာပါတယ်…) ဒါတွေက အကင်းပဲရှိပါသေးတယ်။Continue reading “ကမ္ဘာပျက်တော့မယ်… ဟောကိန်းများနဲ့ နောက်ကွယ်က စိတ်ပညာ”
ဘာမြူဒါတြိဂံ (Bermuda Triangle) အကြောင်း
ဘာမြူဒါတြိဂံ ဘာလဲဆိုတာ တော်တော်များများရိပ်ဖမ်းသံဖမ်း သိကြမှာပါ။ ဒီနေရာမှာ လေယာဉ်တွေ၊ သင်္ဘောတွေပျောက်ကုန်တယ်၊ လူတွေအများကြီး သေကုန်တယ်။ ဒါကို မကောင်းဆိုးဝါးတြိဂံ (Devil’s Triangle) လို့လည်းခေါ်ကြပါတယ်။ဒီတော့ ထုံးစံအတိုင်းပဲ လူတွေက သူတို့မဖြေရှင်းနိုင်တဲ့ကိစ္စဆိုရင် သဘာဝလွန်ပဲဆိုပြီး ပြောကြတာပေါ့။ ဒီနေရာမှာ လူတွေသေတာ ဂြိုလ်သားတွေကြောင့်၊ ရေထဲက မကောင်းဆိုးဝါးကြီးကြောင့် စသဖြင့် ပြောကြသလို တချို့ကလည်း ဘာမြူဒါတြိဂံဟာ ရေအောက်ကမ္ဘာကို သွားဖို့တခါးပေါက်လို့ ပြောကြပါတယ်။တချို့ကတော့ ပိုပြီး Next Level ဖြစ်ပါတယ်။ ဘာမြူဒါတြိဂံဟာ ဒိုင်မန်းရှင်း နောက်တစ်ခုဆီသွားတဲ့ Wormhole တစ်ခုဖြစ်ပါတယ်လို့ ဆိုကြပါတယ်။ ဒါတွေအကုန်လုံးက အခြေအမြစ်မရှိပါဘူး။ ဘယ်က စလဲဆိုတော့ ထုံးစံအတိုင်း Hollywood ပါပဲ။ သူတို့ရဲ့ရုပ်ရှင်တွေမှာ ကြည့်တဲ့သူစိတ်ဝင်စားအောင် ဘာမြူဒါတြိဂံအကြောင်း ချဲ့ကားမှုတွေ ပြုလုပ်ထားတာပါ။ ဒီတော့ ဘာမြူဒါတြိဂံဆိုတာContinue reading “ဘာမြူဒါတြိဂံ (Bermuda Triangle) အကြောင်း”
အလိမ်ဖော်စက်ကတကယ်ပဲ အလုပ်ဖြစ်သလား?
အလိမ်ဖော်စက်တွေကို ရုပ်ရှင်တွေထဲမှာပဲဖြစ်ဖြစ်၊ စာအုပ်တွေထဲမှာပဲဖြစ်ဖြစ် မြင်ဖူးကြမှာပါ။ အလိမ်ဖော်စက်ဆိုပြီး လက်ထည့်ပြီးစမ်းရတဲ့စက်အသေးလေးတွေလဲ စျေးကွက်ထဲမှာရှိပါတယ်။ ကျနော်မြင်ဖူးတဲ့စက်ကလေးတွေက Running man ကြည့်တုန်းကပါ။ လက်ကွင်းစွပ်ပြီး မှားရင် ဓာတ်လိုက်သလိုကျဥ်သွားတာမျိုးပါ။ Running man အစောပိုင်း episode တခုမှာလဲ အလိမ်ဖော်စက်ဆိုပြီး နှလုံးခုန်နှုန်းတွေကိုတိုင်းတာ မေးခွန်းတွေမေးတာ ကြည့်ဖူးပါသေးတယ်။ ဒါဆို အလိမ်ဖော်စက်တွေကဘယ်လိုအလုပ်လုပ်သလဲ? တကယ့်အလိမ်ဖော်စက်အစစ်ကတော့ Polygraph လို့ခေါ်တဲ့စက်ပါ။ စထွင်ခဲ့တဲ့သူတွေထဲမှာမှ အထင်ကရ ရှိတာက ၁၉၂၁ခုနှစ် အမေရိကန်၊ ကယ်လီဖိုးနီးယားပြည်နယ်၊ Berkeley ရဲစခန်းက ရဲအုပ်တယောက်နဲ့ ဆေးကျောင်းသား John Augustus Larson တို့ပဲဖြစ်ပါတယ်။ Polygraph က လူတွေလိမ်ညာရင်ဖြစ်လာတဲ့ ဇီဝကမ္မပြောင်းလဲမှုကိုတိုင်းတာ တာဖြစ်ပါတယ်။ ဘာတွေတိုင်းလဲဆိုတော့၁။ နှလုံးခုန်နှုန်း (heart rate)၂။ အသက်ရှူနှုန်း (breathing rate)၃။ သွေးပေါင်ချိန်Continue reading “အလိမ်ဖော်စက်ကတကယ်ပဲ အလုပ်ဖြစ်သလား?”