Professionopersonality ကို ဒဿန အမြင်မှ ချဥ်းကပ်ကြည့်ခြင်း (စာအရှည်ကြီး)

Professional တစ်ယောက်ဟာ သူ့ပညာရပ် နယ်ပယ်မှာ ကျွမ်းကျင်သူ ကျင့်ဝတ်သိက္ခာနဲ့ ညီသူလို့ ပြောလို့ရပါတယ်။အဲ့လို professional တစ်ယောက်က ကိုယ်ကျင့်တရား ကောင်းသင့်ပါသလား။အကောင်းတွေပဲ မျှော်လင့်တဲ့ လောကကြီးမှာ Professional တွေဟာ Personal Life လွတ်လပ်စွာ ရှိသင့်လားဆိုတာတွေကို ဒဿန အမြင်ကနေ ချဥ်းကပ်ထားပါတယ် ဒီနေရာမှာ ဒဿနအမြင်ကနေ ချဥ်းကပ်လို့ မင်းက ဒဿနဆရာလား၊ စဆရကလို့ မေးလာရင်တော့ မဟုတ်သေးကြောင်း ပြောပါရစေ။ ဒဿနဆိုတာ Philosophy ဆိုတဲ့ အမှန်တရားကို ချစ်မြတ်နိုးခြင်းကနေ လာပါတယ်။ ဒါပေမယ့် သမိုင်းထဲက ဒဿနဆရာတွေကို ကြည့်ရင် အမှန်တရားကို ရှာဖွေနေကြသူများပါ။ ချစ်တာထက် ရှာဖွေသူများလို့တောင် ယူဆချင်ပါသေးတယ်။ ဒဿနဆရာတွေဟာ သူတို့ရှာဖွေ တွေ့ရှိ ယုံကြည်တဲ့ အမှန်တရား (သို့) အဘိဓမ္မာတွေကို လူထုတွေမှာContinue reading “Professionopersonality ကို ဒဿန အမြင်မှ ချဥ်းကပ်ကြည့်ခြင်း (စာအရှည်ကြီး)”

ဖြစ်တည်မှု ပဓာနဝါဒ (Part 2)

ဖြစ်တည်မှုဆိုတာ လူသားတစ်ယောက်ရဲ့ ပင်ကိုယ်ဟန်နဲ့ ပတ်ဝန်းကျင်က ပြဌာန်းချက်တို့ကြားက ပဋိပက္ခ ဖြစ်ပါတယ်။ ထိုပဋိပက္ခဟာ အမြဲတန်း လူတစ်ယောက်ဆီမှာ ရှိနေပြီး ပတ်ဝန်းကျင်ရဲ့ ပြဌာန်းချက်က အမြဲလွှမ်းမိုးထားပါတယ်။ ဥပမာ – ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ပါ။ ငါဘယ်သူလဲ။မောင်ဘလာဘလာ (မိဘက ပေးထားသောနာမည်) ငါဘာလဲ။ကျောင်းသား (society ရဲ့ စံအရ ကျောင်းတက်နေရ) ငါဘာလုပ်မှာလဲ။ငွေရှာမယ်၊ လှူတန်းမယ်၊ အိမ်ထောင်ပြုမယ် စသဖြင့်။ (society က သတ်မှတ်ပြဌာန်း)ဒီနေရာမှာ ငါလုပ်ချင်လို့ လုပ်တာလို့ စောဒက တက်နိုင်ပါတယ်။ နောက်ပိုင်းသေချာ ရှင်းပြပါ့မယ်။ Jean Paul Sarte ဟာ Existentialism နဲ့ ပတ်သက်ပြီး စာအုပ်တွေ ရေးသားခဲ့တာတွေ ရှိပါတယ်။ အဲ့စာအုပ်တွေထဲက နာမည်ကျော် စကားတစ်ခွန်း ရှိပါတယ်။ “Humans areContinue reading “ဖြစ်တည်မှု ပဓာနဝါဒ (Part 2)”

ဖြစ်တည်မှု ပဓာနဝါဒ (Part 1)

Existentialism ဆိုရင် လူတွေ သိပ်သိကြမှာ မဟုတ်ပေမယ့် Existential Crisis ဆိုရင် လူတွေ သိကြမှာပါ။ ဖြစ်တည်မှု အကြပ်အတည်းလို့ခေါ်တယ်။ လူတွေက ကိုယ့်ရဲ့ဖြစ်တည်မှုကို ပြန်ပြီး ရှာဖွေကြ မေးခွန်းထုတ်မိကြတဲ့ အခိုက်အတံ့ပေါ့နော်။ Existentialism ဆိုတာ Existential Crisis ဖြစ်လာဖို့ အစပြုစေတဲ့ ဝါဒပဲ ဖြစ်ပါတယ်။ လူသားတွေရဲ့ ဖြစ်တည်မှု၊ ပုဂ္ဂလဘဝကို ဗဟိုပြုပြီး စဥ်းစားတွေးခေါ်ကြတာပေါ့။ ဒီဝါဒဟာ ဒဿနကို လေ့လာသူတွေနဲ့ မစိမ်းလှပါဘူး။ ဘာဖြစ်လို့လဲဆိုရင် ထင်လင်း ဘာသာပြန် စည်းအပြင်ကလူ၊ ပလိပ် စတဲ့ ဝတ္ထုတွေဟာ ဒီဝါဒကို အခြေခံပြီး ရေးသားထားတာတွေ ဖြစ်လို့ပါပဲ။ Existentialism ဟာ Kiergegard ဆိုတဲ့ Philosopher ကနေ အစပြုခဲ့တာ ဖြစ်ပေမယ့် နာမည်မကြီးခဲ့ပါဘူး။Continue reading “ဖြစ်တည်မှု ပဓာနဝါဒ (Part 1)”

ဘဝမှာ တစ်ခါလောက် မေးသင့်တဲ့ ဒဿနမေးခွန်း ၁၀ခု

၁။ ဘဝမှာ လက်ရှိအတွက် နေသင့်လား၊ အနာဂတ်အတွက် နေသင့်လား။ ဒီမေးခွန်းကို စိုးရိမ်ပူပန်မှုတွေဆီ ချဥ်းကပ်တဲ့အခါ မေးကြည့်သင့်ပါတယ်။ တချို့က ပျော်ပျော်နေကြတယ်။ တချို့က အနာဂတ်အတွက် တွေးပူနေကြပါတယ်။ တချို့က နောင် ၄၊ ၅၊ ၁၀နှစ်အတွက် ကြိုးစားပြီး ပစ္စပ္ပုန်ကို မေ့လျော့နေကြတယ်။ တချို့က လက်ရှိအတွက်ပဲ ကြိုးစားပြီး အနာဂတ်ကို ထည့်မတွေးပဲ ပေါ့ပေါ့ပါးပါး ဖြတ်သန်းကြတယ်။ သင့်ကိုသင် ဒီမေးခွန်းပြန်မေးခြင်းအားဖြင့် သင့်ရဲ့ နေ့စဥ်ဘဝ၊ အလုပ်အကိုင်၊ မိတ်ဆွေများနဲ့ ဆက်ဆံရေး၊ ချစ်မှုရေးရာတွေမှာ အပြောင်းအလဲတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ ၂။ ကျွန်ုပ်တို့မှာ လွတ်လပ်သော စိတ်ရှိလား (သို့) ကိုယ်လုပ်ချင်တာ လုပ်လို့ရလား။ လုပ်ချင်တာ လုပ်လို့ရတာပေါ့လို့ မဖြေခင် အောက်က စာလေးကို စိတ်ရှင်းရှင်းထားပြီး ဖတ်ကြည့်ပါဦး။ မျက်နှာပြင်ခြောက်ခုပါတဲ့Continue reading “ဘဝမှာ တစ်ခါလောက် မေးသင့်တဲ့ ဒဿနမေးခွန်း ၁၀ခု”

Moral Paradox (ကိုယ်ကျင့်တရား ဝိရောဓိ) (Part 2)

Moral Paradox နဲ့ ပတ်သက်လာရင် ရထားပြသနာက နာမည်ကြီးပါတယ်။ ရထားတစ်စင်းဟာ ရထားလမ်းပေါ်မှာ အရှိန်နဲ့ မောင်းနေလာပါတယ်။ လမ်းပေါ်မှာ လူ၅ယောက်ကို ကြိုးနဲ့ တုပ်ထားပါတယ်။ သင့်မှာ ရထားကို လမ်းလွှဲနိုင်တဲ့ ခလုတ်ရှိပါတယ်။ ဒါပေမယ့် ရထားကို လမ်းလွှဲရင်လည်း နောက်လမ်းမှာ လူတစ်ယောက်က ကြိုးနဲ့ တုပ်လျက်သား ဖြစ်နေပါတယ်။ ဆိုလိုချင်တာ လူ၁ယောက်နဲ့ ၅ယောက်ကို ရွေးရမှာပါပဲ။ သင်သာဆိုရင် ဘာကိုရွေးမှာပါလဲ။ နောက်တစ်ခုကလည်း ဒီရထား ပြသနာပါပဲ။ ဒီတစ်ခါကျတော့ ရထားဟာ ဂုံးကျော်တံတားအောက်က ဖြတ်လာနေတာ ဖြစ်ပြီး ရထားလမ်းမှာ ခုနက အတိုင်းပဲ လူ၅ယောက်ကို ကြိုးနဲ့ တုတ်ထားပါဦးမယ်။ သင်က တံတားပေါ်ကနေ ကျောက်တုံးကို ရထားပေါ် ပစ်ချလိုက်ရင် ရထားကို ရပ်လို့ရပေမယ့် တံတားပေါ်မှာ သင်နဲ့Continue reading “Moral Paradox (ကိုယ်ကျင့်တရား ဝိရောဓိ) (Part 2)”

Design a site like this with WordPress.com
Get started