ဘာမြူဒါတြိဂံ (Bermuda Triangle) အကြောင်း

ဘာမြူဒါတြိဂံ ဘာလဲဆိုတာ တော်တော်များများရိပ်ဖမ်းသံဖမ်း သိကြမှာပါ။ ဒီနေရာမှာ လေယာဉ်တွေ၊ သင်္ဘောတွေပျောက်ကုန်တယ်၊ လူတွေအများကြီး သေကုန်တယ်။ ဒါကို မကောင်းဆိုးဝါးတြိဂံ (Devil’s Triangle) လို့လည်းခေါ်ကြပါတယ်။ဒီတော့ ထုံးစံအတိုင်းပဲ လူတွေက သူတို့မဖြေရှင်းနိုင်တဲ့ကိစ္စဆိုရင် သဘာဝလွန်ပဲဆိုပြီး ပြောကြတာပေါ့။ ဒီနေရာမှာ လူတွေသေတာ ဂြိုလ်သားတွေကြောင့်၊ ရေထဲက မကောင်းဆိုးဝါးကြီးကြောင့် စသဖြင့် ပြောကြသလို တချို့ကလည်း ဘာမြူဒါတြိဂံဟာ ရေအောက်ကမ္ဘာကို သွားဖို့တခါးပေါက်လို့ ပြောကြပါတယ်။တချို့ကတော့ ပိုပြီး Next Level ဖြစ်ပါတယ်။ ဘာမြူဒါတြိဂံဟာ ဒိုင်မန်းရှင်း နောက်တစ်ခုဆီသွားတဲ့ Wormhole တစ်ခုဖြစ်ပါတယ်လို့ ဆိုကြပါတယ်။ ဒါတွေအကုန်လုံးက အခြေအမြစ်မရှိပါဘူး။ ဘယ်က စလဲဆိုတော့ ထုံးစံအတိုင်း Hollywood ပါပဲ။ သူတို့ရဲ့ရုပ်ရှင်တွေမှာ ကြည့်တဲ့သူစိတ်ဝင်စားအောင် ဘာမြူဒါတြိဂံအကြောင်း ချဲ့ကားမှုတွေ ပြုလုပ်ထားတာပါ။ ဒီတော့ ဘာမြူဒါတြိဂံဆိုတာContinue reading “ဘာမြူဒါတြိဂံ (Bermuda Triangle) အကြောင်း”

မျှော်လင့်ခြင်းတွေက စိတ်ဒဏ်ရာရစေသလား?

လူတွေရဲ့အကြိုက်တွေဟာ Subjective ဖြစ်တယ်လို့ စိတ်ပညာမှာ လက်ခံထားပါတယ်။ ဒါကြောင့် တန်းညှိဖို့ သိပ်မလွယ်ပါဘူး။ Brand ဆိုမှ Brand သတ်မှတ်ထားတတ်ကြသလို ဒီဆိုင်ကမှ မစားရရင် မစားဘူးဆိုတာမျိုးတွေ ရှိတတ်ပါတယ်။ အရင်ကလည်း ဒီအကြောင်း အကြမ်းဖျင်းရေးဖူးပါတယ်။ Branded ဖြစ်သူများနှင့် Fanboys, Fangirls များအကြောင်းhttps://ouo.io/GFHZ7j အခုပြောမှာက ကိုယ့်ရဲ့အကြိုက်တွေဟာ မျှော်လင့်ခြင်း (Expectation) တွေနဲ့ သက်ဆိုင်နေတယ်ဆိုတာပါ။ ဝိုင်အရသာခံတာကို ဇာတ်လမ်းတွေထဲမှာ မြင်ဖူးကြမှာပါ။ ဝိုင်ကို လျှာဖျားလေးနဲ့ သောက်ပြီး မျိုမချဘဲ ပြန်ထွေးထုတ်တာလည်း တွေ့ဖူးမှာပါ။ ဒီလူတွေကို ကြည့်လိုက်ရင် အထာကျတယ်လို့ တွေးမိနိုင်ပါတယ်။ အရသာခံနေတဲ့အချိန်မှာ တစ်ခုခုကို လေးလေးနက်နက်တွေးနေသလိုပါပဲ။ပြီးရင် အရသာဟာ ဘယ်လိုရှိကြောင်း တစ်ခါမှမကြားဖူးတဲ့ စကားလုံးတွေနဲ့ ထုတ်ပြောပါတယ်။ ငယ်ငယ်ကတော့ ဒီလူတွေဟာ ဘယ်လိုကြောင့် ဒီလောက်Continue reading “မျှော်လင့်ခြင်းတွေက စိတ်ဒဏ်ရာရစေသလား?”

လောကကြီးကို ဘောင်ခတ်ကြည့်ခြင်း

အရင်တစ်ခေါက်က လူတစ်ယောက်ကို First Impression နဲ့ အပေါ်ယံဆုံးဖြတ်လို့ရလား ရေးခဲ့ဖူးပါတယ်။ အခုပြောချင်တာက အဲ့ဒီအကြောင်းကို အနည်းငယ်ထပ်ချဲ့ကားထားတာပါ။ First Impression နဲ့လူတွေကို အပေါ်ယံ ဆုံးဖြတ်လို့ရလား?https://ouo.io/SVLH75L လူတော်တော်များများဟာ အခြားလူတစ်ယောက်ရဲ့ နောက်ကြောင်းကိုကြည့်ပြီး ဘယ်လိုလူလဲဆိုတာ ဆုံးဖြတ်မယ်လို့ ထင်စရာရှိပေမယ့် လက်တွေ့မှာတော့ အဲ့လိုမဟုတ်နေပါဘူး။ဥပမာ ကိုယ့်သူငယ်ချင်းက ကိုယ့်ကို သူနဲ့ Date ခဲ့တဲ့ ကောင်မလေးတစ်ယောက်အကြောင်း ပြောပြနေတယ်ဆိုကြပါစို့။ ကောင်မလေးက ဖော်ဖော်ရွေရွေရှိတယ်၊ သွက်လက်ချက်ချာတယ်၊ ပွင့်လင်းတယ်၊ ကိုယ့်အားကို ကိုးချင်စိတ်ရှိတယ် စသဖြင့်ပြန်ပြောပြရင် ကိုယ့်အနေနဲ့ သူ့ကို ဘယ်လိုမိန်းကလေးလို့ သတ်မှတ်မလဲ။ဒီဘက်ခေတ် မိန်းကလေးတစ်ယောက်လို့ မြင်မိမှာပါ။ ကောင်မလေးက ရိုးရိုးအေးအေးပဲ၊ စကားသိပ်မပြောဘူး၊ ရှက်တတ်တယ် ဆိုရင်တော့ ကိုယ့်စိတ်ထဲမှာ ခေတ်သိပ်မဆန်တဲ့မိန်းကလေးအဖြစ် မြင်မိမှာပါ။ဒီတော့ ဒီ ၂ယောက်ထဲမှာ ဘယ်သူက ကွက်ကျော်ပိုရိုက်တတ်မလဲ၊Continue reading “လောကကြီးကို ဘောင်ခတ်ကြည့်ခြင်း”

ပန်းကန်ပြားပျံ (UFO) တွေ တကယ်ရှိတာလား?

၂၀၂၁ ခုနှစ် ဇွန်လတုန်းက ပင်တဂွန်ဟာ UFO တွေအကြောင်းကို သတင်းစာရှင်းလင်းပွဲမှာ ချပြခဲ့ပါတယ်။ သူတို့ Navy Pilot တွေပျံသန်းနေတဲ့အချိန်မှာ တွေ့ခဲ့ရတဲ့ UFO တွေရဲ့ Video ၃ခုကို ထုတ်ပြန်လိုက်တာပါ။ UFO ဆိုတာ အမျိုးအမည်မသိတဲ့ ယာဉ်ပျံများ (Unidentified Flying Objects) လို့ ဘာသာပြန်ရမယ်ထင်ပါတယ်။UFO တွေဟာ လူတွေကို ခေါင်းစားစေတာ နှစ်ပေါင်း ၈၀ လောက်ရှိနေပါပြီ။ သူတို့ကို မီပြီးတော့ Science Fiction မှာ ဂြိုလ်သားဇာတ်လမ်းတွေ ပေါ်လာတာပါ။ ဒါကြောင့် ပင်တဂွန်ကတော့ သတင်းစာရှင်းလင်းပွဲမှာ ဒီယာဉ်ပျံတွေကို UFO လို့မခေါ်ပါဘူး။ UAP လို့ခေါ်လိုက်ပါတယ်။ အရှည်က Unidentified Aerial Phenomena ပါ။ ဒီလိုထုတ်ပြန်လိုက်တော့ AliensContinue reading “ပန်းကန်ပြားပျံ (UFO) တွေ တကယ်ရှိတာလား?”

ပျော်ရွှင်ခြင်း မှတ်ဉာဏ် ၂မျိုး

ဟိုတစ်ရက်က လူတွေမှာ စိတ် ၃မျိုးရှိကြောင်း ရေးခဲ့ပါတယ်။ အခုကတော့ မှတ်ဉာဏ် ၂မျိုးအကြောင်း ပြောပြချင်ပါတယ်။ ကိုယ်ဖျားနေလို့ ၁ပတ်လောက် အိပ်ရာထဲလှဲနေခဲ့တာကို မှတ်မိကြသေးလား? ဒါမှမဟုတ် ဖျားနေတဲ့အခါတိုင်း ဘာတွေဖြစ်ခဲ့လဲဆိုတာရော မှတ်မိလား? ဘာမှမမှတ်မိတာ ဖြစ်ဖို့များပါတယ်။ ဘဝတစ်လျှောက်လုံးမှာ ကြုံတွေ့ခဲ့ရသမျှကိစ္စတော်တော်များများကို မေ့သွားကြတာများပါတယ်။ ဒီအခါမှာ “ငါကျောင်းတက်နေတာ နောက်ဆုံးနှစ်တောင်ရောက်လာပြီပဲ… အချိန်တွေကုန်တာမြန်လိုက်တာ…” ၊ “၂နှစ်ပြည့်တော့မယ်… နောက်ဆုံးနှစ်ကကို မတက်တော့ဘူး… အချိန်တွေကုန်တာ နှေးလိုက်တာ…” စသဖြင့် အတွေးတွေပေါ်လာတတ်ပါတယ်။“အခု July တောင်ရှိပြီလား… 2021 ကိုခွေးတွေလုပ်တာနဲ့ ဘယ်လိုကုန်သွားမှန်းတောင် မသိဘူး…” ဆိုတာမျိုးပေါ့။ မှတ်ဉာဏ်ဆိုတာ ဒီသဘောပါပဲ။ မှတ်ဉာဏ်အကြောင်းမပြောခင် ကိုယ့်အကြောင်းကိုယ် အရင် နားလည်နေဖို့လိုအပ်ပါတယ်။ ကိုယ်ဘယ်သူလဲဆိုတာကို လူတွေက လက်စုပ်လက်ကိုင်မပြနိုင်ပေမယ့် တိတိကျကျသိတယ်လို့ ထင်ကြပါတယ်။ ဒါပေမယ့် ဒီလိုမဟုတ်ပါဘူး။ ကိုယ်ဘယ်သူလဲဆိုတာContinue reading “ပျော်ရွှင်ခြင်း မှတ်ဉာဏ် ၂မျိုး”

Design a site like this with WordPress.com
Get started