သေခါနီးအလင်းတန်းကြီးကိုမြင်ခြင်း နောက်ကွယ်က စိတ်ပညာအယူအဆ

လူတွေ သေခါနီးမျောနေတဲ့အခါ အလင်းတန်းကြီးကို မြင်တတ်တယ်လို့ ဆိုပါတယ်။ ဘယ်လိုသိလဲဆိုတော့ မျောနေပြီး မသေတဲ့သူတွေက ပြန်ပြောပြလို့ပါ။ ဒီအကြောင်းက စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဒါနဲ့ဆက်နွယ်နေတဲ့ စိတ်ပညာအယူအဆတစ်ခု ရှိပါတယ်။ အဲ့ဒီအကြောင်းကို အခုပြောပြချင်တာပါ။ ဒီအကြောင်းကို မပြောခင် အဖြစ်အပျက်တစ်ခုကို အရင်ပြောပြချင်ပါတယ်။ စိတ်ကျန်းမာရေးဆေးရုံတစ်ခုမှာ အသက်ကြီးကြီး ယောက်ျား ၃ယောက်ဟာ ငြင်းခုန်နေကြပါတယ်။ ဘာကို ငြင်းနေကြတာလဲဆိုတော့ သူတို့ဟာ ယေရှုဖြစ်တဲ့အကြောင်းပါ။ သူတို့တစ်ယောက်စီ ဆေးရုံတက်ရခြင်းအကြောင်းကလည်း ဒီလိုထင်ယောင်ထင်မှားဖြစ်နေလို့ပါ။ ဒီတော့ စိတ်ပညာရှင်က သူတို့သူယောက်ကို အမြဲတတွဲတွဲဖြစ်အောင် စီစဉ်ပေးလိုက်ပါတယ်။ ကုတင်တွေကိုပါ ဘေးချင်းကပ်ရပ်ထားပေးထားတာပါ။ရည်ရွယ်ချက်ကတော့ ဒီ ၃ယောက် အချင်းချင်းစကားပြောမိကြရင် သူတို့ ထင်ယောင်ထင်မှားဖြစ်နေတာကို သိသွားလိမ့်မယ်လို့ ယုံကြည်လို့ပါ။ သူတို့ ၃ယောက်ဟာ တစ်ယောက်အကြောင်းတစ်ယောက် သိသွားကြတဲ့အချိန်မှာ ဘယ်သူက ယေရှုအစစ်လဲဆိုတာ ငြင်းခုန်ကြပါတော့တယ်။ ပထမအကြိမ်Continue reading “သေခါနီးအလင်းတန်းကြီးကိုမြင်ခြင်း နောက်ကွယ်က စိတ်ပညာအယူအဆ”

ဘဝမှာ အကောင်းမြင်စိတ်ရှိဖို့လိုလား?

အောက်က မေးခွန်းကိုဖြေပြီး ကိုယ်က တော်၊ သင့်၊ ညံ့ဘယ်အထဲမှာ ဝင်မလဲ စဉ်းစားပေးပါ။ ၁။ သူများတွေနဲ့ သင့်သင့်မြတ်မြတ်နေနိုင်တယ်။၂။ ခေါင်းဆောင်မှုစွမ်းရည်၃။ Logic ကျကျစဉ်းစားနိုင်စွမ်း၄။ ကားမောင်းစွမ်းရည် (မမောင်းတတ်ရင် မဖြေပါနဲ့)၅။ ရိုးသားမှု၆။ ပျော်ရွှင်မှု၇။ စိတ်ဝင်စားစရာကောင်းမှု၈။ ဆွဲဆောင်မှု ဖြေပြီးမှ ဆက်ဖတ်ပေးပါ။ ညံ့တယ်လို့ ဖြေထားတဲ့အဖြေပါပါသလား? မပါဖို့များပါတယ်။လူတွေက သူတို့ကိုယ်သူတို့ အခြားသူတွေထက် ပိုတော်တယ်လို့ ထင်ကြတာ သဘာဝပါပဲ။ ကိုယ့်ကိုကိုယ် Unique ဖြစ်တယ်လို့ ထင်တတ်ကြတယ်။ “တော်” ဆိုပြီး မဖြေထားရင်တောင်မှ “သင့်” လောက်တော့ဖြေထားဖို့များပါတယ်။ ဒါပေမယ့် လူတိုင်းက “သင့်” (သို့) “တော်” ဖြစ်နေလို့တော့ မရပါဘူး။ “ညံ့” သမားတွေလည်း လိုပါတယ်။ ဒီစမ်းသပ်မှုမှာ ပါဝင်တဲ့လူ ၈၅% က “သင့်”Continue reading “ဘဝမှာ အကောင်းမြင်စိတ်ရှိဖို့လိုလား?”

ကမ္ဘာပျက်တော့မယ်… ဟောကိန်းများနဲ့ နောက်ကွယ်က စိတ်ပညာ

ကမ္ဘာပျက်တော့မယ်ဆိုပြီး ပြောကြတာ ခဏခဏကြားရပါတယ်။ ၂၀၁၂ ခုနှစ်တုန်းကလည်း Mayan ပြက္ခဒိန်အရ ကမ္ဘာပျက်မယ်လို့ တစ်ခေတ်ထလိုက်သေးတာ မှတ်မိကြဦးမှာပါ။ ဒါပေမယ့် ဒီလိုခန့်မှန်းမှုမျိုးတွေကို အမြဲကြားရတတ်ပါတယ်။သိပ္ပံမှာလည်း Y2K Scare ဆိုပြီး ၂၀၀၀ ခုနှစ်က နာမည်ကြီးလိုက်ပါသေးတယ်။ ဘာသာရေးနဲ့ ရောထွေးပြီးတော့ ၂၀၀၀ ခုနှစ်မှာ ယေရှုခရစ်တော်ပြန်လည်မွှေးဖွားလာမယ်ဆိုပြီး ဖြစ်သွားပါတယ်။ ၂၀၀၉ ခုနှစ်က ဂျီနီဗာမြို့မှာ အမှုန်တွေကို လေ့လာဖို့ Large Hadron Collider ကိုတည်ဆောက်ခဲ့ပါတယ်။ ဒါပေမယ့် သိပ္ပံပညာရှင်အချို့က LHC ကြောင့် တွင်းနက်အသေးလေးပေါ်လာပြီး ကမ္ဘာကိုဝါးမျိုသွားလိမ့်မယ်။ ကမ္ဘာပျက်သွားနိုင်တယ်လို့ ပြောပြီး LHC တည်ဆောက်တာကို တားဆီးဖို့ကြိုးစားခဲ့ဖူးပါတယ်။ (Flash Series ထဲမှာတော့ Particle Accelerator ကြောင့် တွင်းနက်တစ်ခု တကယ်ပဲပေါ်လာပါတယ်…) ဒါတွေက အကင်းပဲရှိပါသေးတယ်။Continue reading “ကမ္ဘာပျက်တော့မယ်… ဟောကိန်းများနဲ့ နောက်ကွယ်က စိတ်ပညာ”

မျှော်လင့်ခြင်းတွေက စိတ်ဒဏ်ရာရစေသလား?

လူတွေရဲ့အကြိုက်တွေဟာ Subjective ဖြစ်တယ်လို့ စိတ်ပညာမှာ လက်ခံထားပါတယ်။ ဒါကြောင့် တန်းညှိဖို့ သိပ်မလွယ်ပါဘူး။ Brand ဆိုမှ Brand သတ်မှတ်ထားတတ်ကြသလို ဒီဆိုင်ကမှ မစားရရင် မစားဘူးဆိုတာမျိုးတွေ ရှိတတ်ပါတယ်။ အရင်ကလည်း ဒီအကြောင်း အကြမ်းဖျင်းရေးဖူးပါတယ်။ Branded ဖြစ်သူများနှင့် Fanboys, Fangirls များအကြောင်းhttps://ouo.io/GFHZ7j အခုပြောမှာက ကိုယ့်ရဲ့အကြိုက်တွေဟာ မျှော်လင့်ခြင်း (Expectation) တွေနဲ့ သက်ဆိုင်နေတယ်ဆိုတာပါ။ ဝိုင်အရသာခံတာကို ဇာတ်လမ်းတွေထဲမှာ မြင်ဖူးကြမှာပါ။ ဝိုင်ကို လျှာဖျားလေးနဲ့ သောက်ပြီး မျိုမချဘဲ ပြန်ထွေးထုတ်တာလည်း တွေ့ဖူးမှာပါ။ ဒီလူတွေကို ကြည့်လိုက်ရင် အထာကျတယ်လို့ တွေးမိနိုင်ပါတယ်။ အရသာခံနေတဲ့အချိန်မှာ တစ်ခုခုကို လေးလေးနက်နက်တွေးနေသလိုပါပဲ။ပြီးရင် အရသာဟာ ဘယ်လိုရှိကြောင်း တစ်ခါမှမကြားဖူးတဲ့ စကားလုံးတွေနဲ့ ထုတ်ပြောပါတယ်။ ငယ်ငယ်ကတော့ ဒီလူတွေဟာ ဘယ်လိုကြောင့် ဒီလောက်Continue reading “မျှော်လင့်ခြင်းတွေက စိတ်ဒဏ်ရာရစေသလား?”

လောကကြီးကို ဘောင်ခတ်ကြည့်ခြင်း

အရင်တစ်ခေါက်က လူတစ်ယောက်ကို First Impression နဲ့ အပေါ်ယံဆုံးဖြတ်လို့ရလား ရေးခဲ့ဖူးပါတယ်။ အခုပြောချင်တာက အဲ့ဒီအကြောင်းကို အနည်းငယ်ထပ်ချဲ့ကားထားတာပါ။ First Impression နဲ့လူတွေကို အပေါ်ယံ ဆုံးဖြတ်လို့ရလား?https://ouo.io/SVLH75L လူတော်တော်များများဟာ အခြားလူတစ်ယောက်ရဲ့ နောက်ကြောင်းကိုကြည့်ပြီး ဘယ်လိုလူလဲဆိုတာ ဆုံးဖြတ်မယ်လို့ ထင်စရာရှိပေမယ့် လက်တွေ့မှာတော့ အဲ့လိုမဟုတ်နေပါဘူး။ဥပမာ ကိုယ့်သူငယ်ချင်းက ကိုယ့်ကို သူနဲ့ Date ခဲ့တဲ့ ကောင်မလေးတစ်ယောက်အကြောင်း ပြောပြနေတယ်ဆိုကြပါစို့။ ကောင်မလေးက ဖော်ဖော်ရွေရွေရှိတယ်၊ သွက်လက်ချက်ချာတယ်၊ ပွင့်လင်းတယ်၊ ကိုယ့်အားကို ကိုးချင်စိတ်ရှိတယ် စသဖြင့်ပြန်ပြောပြရင် ကိုယ့်အနေနဲ့ သူ့ကို ဘယ်လိုမိန်းကလေးလို့ သတ်မှတ်မလဲ။ဒီဘက်ခေတ် မိန်းကလေးတစ်ယောက်လို့ မြင်မိမှာပါ။ ကောင်မလေးက ရိုးရိုးအေးအေးပဲ၊ စကားသိပ်မပြောဘူး၊ ရှက်တတ်တယ် ဆိုရင်တော့ ကိုယ့်စိတ်ထဲမှာ ခေတ်သိပ်မဆန်တဲ့မိန်းကလေးအဖြစ် မြင်မိမှာပါ။ဒီတော့ ဒီ ၂ယောက်ထဲမှာ ဘယ်သူက ကွက်ကျော်ပိုရိုက်တတ်မလဲ၊Continue reading “လောကကြီးကို ဘောင်ခတ်ကြည့်ခြင်း”

Design a site like this with WordPress.com
Get started