ရှေးခေတ် ဂရိကဗျာဆရာတယောက်ကတခါတုန်းက အောက်ပါအတိုင်း ရေးခဲ့ဖူးပါတယ်။ “What is beautiful is good, andwho is good will soon be beautiful” တဲ့။ ကြည့်လို့လှနေရင် အလိုလိုကောင်းတယ်ထင်မိတယ်၊ ကောင်းတာလုပ်နေရင်လဲ အလိုလိုလှလာတာပါပဲတဲ့။ ဒီစာကြောင်းကို စာဖတ်သူတို့ သဘောတူပါသလား။ ရုပ်ရည်ချောမောမှုက လူမှုဘဝမှာ ဘယ်လောက်အထိ အရေးပါနိုင်တယ်လို့ ထင်ပါသလဲ။ ၁၉၇၂ ခုနှစ်တုန်းက စမ်းသပ်မှုတခုလုပ်ခဲ့ပါတယ်။ လုပ်အားပေးမယ့်လူတွေကိုခေါ်လိုက်ပြီး စာအိတ် ၃ အိတ်စီပေးလိုက်ပါတယ်။ စာအိတ်တအိတ်စီမှာ ဓာတ်ပုံတပုံစီပါပြီး ရုပ်ချောတဲ့သူ၊ ရုပ်ရည်အသင့်တင့်ရှိသူနဲ့ ရုပ်ဆိုးသူ ၃ဦးရဲ့ ဓာတ်ပုံတွေထည့်ထားပါတယ်။ ဒီဓာတ်ပုံ ၃ပုံကိုကြည့်ပြီး ဒီဓာတ်ပုံထဲကသူတွေရဲ့ ကိုယ်ရည်ကိုယ်သွေး (personality) ကောင်းမကောင်း ခန့်မှန်းခိုင်းပါတယ်။ နောက်ပြီး ဒီဓာတ်ပုံတွေကိုပဲကြည့်ခိုင်းပြီး သူတို့နှင့်ကိုက်ညီမယ့် အလုပ်ရာထူးနှင့် အဲ့ဒီလုပ်ငန်းခွင်မှာသူတို့ဘယ်လောက်အတိုင်းအတာContinue reading “ရုပ်ရည်ချောမောခြင်းက နေ့စဥ်ဘဝမှာဘယ်လောက်ထိ အရေးပါနိုင်သလဲ?”
Tag Archives: စိတ်ပညာ
လွတ်တဲ့ငါးကကြီးနေတယ်လို့ ထင်ရခြင်းနောက်ကွယ်က စိတ်ပညာ
ဟိုတလောက Messenger ကနေ လွတ်တဲ့ငါးကြီးနေရခြင်းအကြောင်းကို စိတ်ပညာအရရှင်းပြဖို့ လာပြောပါတယ်။ အရင်ကလည်း အဲ့ဒီအကြောင်း နည်းနည်းရေးခဲ့ဖူးပေမယ့် ဘယ်မှာရေးခဲ့လဲမမှတ်မိတော့ပါဘူး။ ဒါကြောင့် သီးသန့်တစ်ပုဒ်ထပ်ရေးလိုက်ပါတယ်။ တခါတုန်းက ဘောလုံးပွဲတစ်ခုကို ကြည့်ဖို့လက်မှတ်တွေ ရောင်းပါတယ်။ ကံစမ်းမဲလိုလုပ်ပြီး ပေါက်တဲ့လူက ဝယ်ခွင့်ရတာပါ။ ဒီတော့ ကံကောင်းတဲ့သူက လက်မှတ်ရပြီး ကံသိပ်မကောင်းတဲ့သူက ဘောလုံးပွဲမကြည့်ရတော့ဘူးပေါ့။ပညာရှင်တွေက လက်မှတ်မဲပေါက်တဲ့သူတွေ သူတို့လက်မှတ်ကို ဘယ်လောက်တန်ဖိုးထားလဲဆိုတာ သိချင်တော့ စမ်းသပ်ကြည့်ကြပါတယ်။ ဖုန်းလှမ်းဆက်ပြီး စကားပြောကြည့်တာပါ။ “မင်းရဲ့လက်မှတ်ကို ပြန်ရောင်းချင်ရင် ရောင်းလို့ရတယ်။ အနည်းဆုံးဘယ်လောက်နဲ့ ရောင်းနိုင်မလဲ” လို့ မေးပါတယ်။ လက်မှတ်ရှင်က “အနည်းဆုံးစျေးဆိုတာ မရှိဘူး” ဆိုပြီး ပြန်ပြောပါတယ်။လူတိုင်းမှာ စျေးနှုန်းတစ်ခုတော့ ရှိပါတယ်လို့ ပြောတော့မှ သူက ဒေါ်လာ ၃၀၀၀ ဆိုပြီး ပြန်ပြောပါတယ်။ လက်မှတ်က ရွှေထွက်နေတာမဟုတ်တော့ အဲ့ဒီစျေးက တော်တော်များပါတယ်။Continue reading “လွတ်တဲ့ငါးကကြီးနေတယ်လို့ ထင်ရခြင်းနောက်ကွယ်က စိတ်ပညာ”
ကလေးဘဝမှာ အကြောက်တရားမွေးဖွားလာပုံ စမ်းသပ်ချက်
လူရယ်လို့ဖြစ်လာရင် အကြောက်တရားတခုခုရှိတတ်ကြပါတယ်။ တချို့က သရဲကြောက်တယ်။ တချို့က ပင့်ကူကြောက်တယ်။ တချို့က အမြင့်ကြောက်တယ်။ တချို့က မိုးချုန်းတာကြားရင် ကြောက်တယ်။ ဒါဆို ဒီအကြောက်တရားတွေကဘယ်ကလာတာလဲ။မွေးကတည်းက ပါလာတာလား။ ကြီးလာတော့မှ အကြောက်တရားကို သိလာတာလား။ ဒါကို အဖြေရှာဖို့အတွက် သိပ္ပံပညာရှင်တွေနဲ့ psychologists တွေက စမ်းသပ်ချက်အမျိုးမျိုးလုပ်ခဲ့ပါတယ်။ အဲ့ထဲကမှ လူသိအများဆုံးနဲ့ အဝေဖန်ခံခဲ့ရဆုံး စမ်းသပ်ချက်တခုကို ပြောပြပေးပါမယ်။ ဒီစမ်းသပ်ချက်ကို လုပ်ခဲ့တဲ့သူကတော့ John B.Watson ဆိုတဲ့ psychologist တဦးနဲ့ သူ့ရဲ့ လက်ထောက် Rosalie Raynor တို့ပဲဖြစ်ပါတယ်။ စမ်းသပ်ချက်နာမည်ကို The Little Albert Experiment လို့ခေါ်ပါတယ်။ ဒီစမ်းသပ်ချက်မှာ ကိုးလအရွယ်ကလေးတယောက်ပါဝင်ပြီး သူ့နာမည်ကို Little Albert လို့ခေါ်ပါတယ်။ စမ်းသပ်ချက်အစမှာ ကလေးကို ပစ္စည်းContinue reading “ကလေးဘဝမှာ အကြောက်တရားမွေးဖွားလာပုံ စမ်းသပ်ချက်”
တစ်ဖက်လူကို အပြစ်တင် မစောကြစေချင်…
စာဖတ်သူတွေထဲ အိမ်မှာ Wifi တပ်ထားတဲ့သူတွေ ပါမှာပါ။ ဘယ်လိုင်းရွေးရွေး စျေးပေါတယ်ဆိုရင် တခါတခါ လိုင်းပြတ်တတ်ပါတယ်။ တချို့ဆို စျေးကြီးပေးတာတောင် လိုင်းက မကောင်းပါဘူး။ ဂိမ်းကစားခံနီးလို့ Ping က ဝါနေ၊ နီနေရင် ဒေါသထွက်ရပါတယ်။ ဂိမ်းဆော့နေတုန်းမှာ ဖြစ်ရင်တော့ ဒေါသက ငယ်ထိပ်ရောက်လာတာပေါ့။ ကျွန်တော်ဆိုရင် ဒီလိုဖြစ်လာတဲ့အခါ ချက်ချင်းတော့ ဖုန်းဆက်ပြီး လှမ်းမဆဲပါဘူး။ ကောင်းလာနိုးနိုးနဲ့ စောင့်တာပေါ့။ တစ်ရက်စောင့်တယ်… နှစ်ရက်စောင့်တယ်… ၃ရက်မြောက်တဲ့ထိ ဝေလေလေပဲဆိုရင်တော့ ဖုန်းဆက်ပါပြီ။ အဲ့ဒီအချိန်ထိ မဆဲသေးပါဘူး။ အကျိုးအကြောင်း မေးကြည့်ပါတယ်။ Customer Service တွေက တခါတခါမှာ ဘာဖြစ်နေလဲ သေချာမသိကြပါဘူး။ အဲ့ဒီအခါမှာ အလွတ်ကျက်ထားတဲ့ ဖြေရှင်းနည်းတွေ ပြောပါလိမ့်မယ်။ Restart လေးချကြည့်ပါ ဘာညာပေါ့။ အဲ့လိုဆိုရင် သူတို့စိတ်ကျေနပ်အောင် လုပ်ပေးလိုက်ပါတယ်။Continue reading “တစ်ဖက်လူကို အပြစ်တင် မစောကြစေချင်…”
ကိုယ့်အနာဂတ်ကို ကိုယ့်ဘာသာ ထိန်းချုပ်ခြင်းနဲ့ နောက်ကွယ်က စိတ်ပညာ
အကြွေစေ့တစ်ခုကို ခေါင်းပန်းလှန်မယ်ဆိုရင် “ခေါင်း” ကြီးပဲ ၅ခါကျနေတဲ့အခါ ၆ခါမြောက်မှာ ဘာကျမယ်လို့ ထင်ပါသလဲ?တော်တော်များများကတော့ “ပန်း” ကျသင့်တယ်လို့ စိတ်ထဲက ထင်ကြမှာပါ။ ကိုယ်ဟာ သေချာ Logic ကျကျတွေးခေါ်တတ်ရင်တောင်မှ “ပန်း” ကျသင့်တယ်လို့ တွေးမိနေတတ်ပါတယ်။ လောကကြီးမှာ “ခေါင်း” တွေအများကြီးကျပြီးရင် “ပန်း” ကျအလှည့်လို့ ထင်ကြတာပါ။ ဒါကို Gambler’s Fallacy လို့ခေါ်ပါတယ်။ တချို့ကလည်း ဒါကို Monte Carlo Fallacy လို့ခေါ်ပါတယ်။ အကြောင်းတော့ ၁၉၁၃ ခုနှစ်က Casino တစ်ခုမှာ Roulette Game ကစားကြတော့ “အမည်း” ချည်းပဲ ၂၆ ခါတိတိကျပါတယ်။ ကိုယ်သာ ကစားတဲ့သူတစ်ယောက်ဆိုရင် အမည်း ၁ဝခါလောက် ဆက်တိုက်ကျလာတဲ့အချိန်ကို စဉ်းစားကြည့်ပါ။ ၁၁ခါမြောက်မှာ အမည်းကိုContinue reading “ကိုယ့်အနာဂတ်ကို ကိုယ့်ဘာသာ ထိန်းချုပ်ခြင်းနဲ့ နောက်ကွယ်က စိတ်ပညာ”