ပုံပြင်လေးတပုဒ်နဲ့ အစပြုချင်ပါတယ်။ တခါတုန်းက တိုင်းပြည်တပြည်မှာ Theseus လို့နာမည်ရတဲ့ ဘုရင်တပါးရှိပါတယ်။ ဘုရင်ကြီးဆီမှာ တိုက်သင်္ဘောကြီးတစင်းရှိပြီး အဲ့သင်္ဘောကြီးနဲ့ တိုက်ပွဲအလီလီဝင်ခဲ့ဖူးပါတယ်။ တိုက်သင်္ဘောကြီးမှာ လှော်တက်အချောင်း ၃၀ရှိပြီး သင်္ဘောကိုယ်ထည်ကြီးကို သစ်သားပျဥ်ပြားတွေနဲ့ အဓိကဆောက်လုပ်ထားပါတယ်။ Thesus ဘုရင်ပိုင်ဆိုင်တဲ့ သင်္ဘောကြီးမို့ The ship of Theseus လို့အစွဲပြုခေါ်ပါတယ်။ တိုက်ပွဲမဝင်ခင်ဆိုရင် သင်္ဘောကြီးကို လိုအပ်တာတွေပြုပြင်ရပါတယ်။ကြမ်းပြင်ကသစ်သားတွေဆွေးနေရင် ပျဥ်ပြားတွေအသစ်လဲရတယ်။ ရွက်တိုင်တွေကျိုးနေရင် ရွက်တိုင်အသစ်လဲရတယ်။အကုန်ပြင်ဆင်ပြီးမှ တိုက်ပွဲဝင်ပါတယ်။ ဒီလိုပဲတိုက်ပွဲကပြန်လာရင်လဲ အပျက်အစီးတွေကို ပြုပြင်မွမ်းမံရတယ်။ လှော်တက်တွေကျိုးကုန်လို့ အသစ်လဲတပ်ရတယ်။ သံဆူးကြိုးတွေအသစ်တပ်ရတယ်။ ပိုခိုင်ခံ့အောင် ရေနဲ့ထိတွေ့ရတဲ့နေရာက ပျဥ်ပြားတွေကို ထပ်ထပ်လဲရတယ်။ ဒီလိုနဲ့ တိုက်ပွဲဝင်လိုက် ပြုပြင်လိုက် တိုက်ပွဲဝင်လဲ ပြုပြင်လိုက်နဲ့ နှစ်တွေကြာလာရင် အခုမြင်နေရတဲ့သင်္ဘောကြီးက the ship of Theseus ရောဟုတ်သေးရဲ့လား။ ပျဥ်ပြားတွေရောContinue reading “ဒီစာကိုဖတ်နေတဲ့သင်ဟာ တကယ်ပဲသင်လို့သေချာရဲ့လား?”
Category Archives: Vector
လက်အိတ်ဝတ်ပြီးဖုန်းသုံးရင် touch screen အလုပ်လုပ်သလား?
ဒီခေါင်းစဥ်ကိုပြောပြဖို့အတွက် အရင်ဆုံး Touch screen တွေဘယ်လို အလုပ်လုပ်သလဲသိဖို့လိုလာပါပြီ။ Touch screen တွေအလုပ်လုပ်ပုံက အဓိက ၂ မျိုး၂စားရှိပါတယ်။ ပထမတမျိုးက Resistive touchscreen ပါ။ သူက ထိတွေ့မှုရဲ့ pressure ကိုသိပြီးအလုပ်လုပ်တာပါ။ ဒီစနစ်မှာ ကြည်လင်တဲ့အလွှားပါး၂ချပ်ရှိပြီး သူတို့ကြားမှာ နေရာသေးသေးလေး ဟထားပါတယ်။ လူကထိတွေ့လိုက်တဲ့အခါမှ အလွှာ၂ချပ်ကပူးကပ်သွားပြီး လျှပ်စစ်စီးသွားပါတယ်။ အဲ့လိုနည်းနဲ့ ထိတွေ့တဲ့နေရာသိတာဖြစ်ပါတယ်။ Resistive touchscreen တွေက ဘာနဲ့ပဲထိထိ pressure ရရင်ကိုအလုပ်လုပ်ပါတယ်။ လက်ချောင်းပဲဖြစ်ဖြစ်၊ လက်အိတ်ပဲဝတ်ထားထား၊ တုတ်ချောင်းနဲ့ပဲထိထိ ဘာနဲ့ထိထိ အလုပ်လုပ်ပါတယ်။ ဒီဟာက ဘယ်နေရာတွေမှာသုံးလဲဆိုတော့ စက်ရုံအလုပ်ရုံတွေမှာဖြစ်ဖြစ်၊ လူအများသုံးတဲ့ Atm စက်လိုမျိုးနေရာဖြစ်ဖြစ် စတဲ့စက်ပစ္စည်းတွေမှာ အသုံးများပါတယ်။ အားသာချက်က ဘာနဲ့ထိထိ ထိမှန်းသိလို့ လက်အိတ်စွပ်ထားလဲ ATM စက်တွေကိုသုံးလို့ရပါတယ်။Continue reading “လက်အိတ်ဝတ်ပြီးဖုန်းသုံးရင် touch screen အလုပ်လုပ်သလား?”
ခေါက်ဆွဲပြုတ်ကြိုက်သူများရဲ့ အိပ်မက်ဆိုး ၃ခုအကြောင်း
သင်ကခေါက်ဆွဲပြုတ်ကြိုက်တဲ့သူဆိုရင် ဒီစာကသင့်အတွက်ဖြစ်ပါတယ်။ ကျနော်လဲခေါက်ဆွဲပြုတ်ကြိုက်တတ်သူမို့လို့ ခေါက်ဆွဲပြုတ်ကိုမကြာခဏစားလေ့ရှိပါတယ်။လူကြီးတွေကတော့ ခေါက်ဆွဲပြုတ်တွေက ကျန်းမာရေးနဲ့မညီညွတ်ဘူးဆိုပြီး မစားခိုင်းတာ ခဏခဏကြားရမှာပါ။ လူကြီးတွေက ခေါက်ဆွဲခြောက်တွေမစားအောင် အမျိုးမျိုးခြောက်ကြပါတယ်။ ခေါက်ဆွဲပြုတ်တွေစားရင်ဘာဖြစ်တတ်တယ်… ညာဖြစ်တတ်တယ်… ဆိုပြီးပြောတတ်ပါတယ်။ ဒီ post မှာတော့ အဲ့လိုခြောက်လှန့်တဲ့စကားတွေက တကယ်မှန်မမှန် ပြောပြပေးသွားပါမယ်။ ၁။ ခေါက်ဆွဲခြောက်ထဲမှာ ဖယောင်းတွေပါတယ်။ ဒီသတင်းက social media မှာဘယ်သူစပြီးလွှင့်လိုက်သလဲမသိပေမယ့် လူတိုင်းစီကို ဒီသတင်းရောက်နေတာသေချာပါတယ်။ ခေါက်ဆွဲခြောက်တွေမကျိုးမကြေပဲ တောင့်တင်းနေအောင်၊ ကြာကြာအထားခံအောင် ဖယောင်းကိုအပြင်ကနေအုပ်ထားတယ်ဆိုပြီး ပြောကြတာပါ။ ဒါက သတင်းမှားတခုပါပဲ။နိုင်ငံတကာ FDA တွေရဲ့စမ်းသပ်ချက်တွေအရ ဖယောင်းပါတယ်ဆိုတာမဟုတ်ကြောင်း ပြောထားပြီးပါပြီ။ ခေါက်ဆွဲခြောက်စက်ရုံတွေကလဲ ဒီသတင်းကိုပြန်လည်ရှင်းပြထားပါတယ်။ ခေါက်ဆွဲခြောက်ကိုထုတ်လုပ်တဲ့နေရာမှာ ရေပါဝင်မှုနည်းအောင်လုပ်ရတဲ့အဆင့်တွေရှိပါတယ်။ ခေါက်ဆွဲခြောက်ကို ရေနည်းသွားအောင် ပေါင်းခံတာ၊ အခြောက်ကြော်တာ စတဲ့နည်းတွေနဲ့လုပ်လိုက်တဲ့အခါ ခေါက်ဆွဲခြောက်ကပုံသွင်းခံရသလိုဖြစ်ပြီး တွန့်လိမ်တဲ့ပုံစံဖြစ်သွားတာပါ။ မည်သည့်ဖယောင်းမှ တကူးတကသုံးထားတာမရှိပါဘူး။ တကယ်လို့များ ဖယောင်းပါတယ်ပဲထား…Continue reading “ခေါက်ဆွဲပြုတ်ကြိုက်သူများရဲ့ အိပ်မက်ဆိုး ၃ခုအကြောင်း”
ကြောက်တတ်တယ်ဆိုပြီး ဘာလို့သရဲကားပဲရွေးကြည့်နေကြတာလဲ?
လူတိုင်းလိုလို အကြောက်တရားရှိကြပါတယ်။ ဒါပေမယ့် ကြောက်စရာကောင်းတဲ့အရာတွေကိုလဲ မရှောင်ကြပြန်ပါဘူး။ တည့်တည့်ကိုဝင်တိုးကြပါတယ်။ ကြောက်တတ်တယ်ဆိုပြီး ကြည့်သမျှရုပ်ရှင်ကသရဲကားတွေပါ။ (စာရေးသူလဲအဲ့လိုပါပဲ) သရဲကားရုံတင်ရင်ပြေးကြည့်လိုက်ရမှ ကျေနပ်ကြပါတယ်။ Happy world သွားရင်လဲ သရဲအိမ်တို့၊ သရဲရထားတို့ဆိုတာ လူကြိုက်များတဲ့နေရာတွေပါ။ ပြည်သူ့ရင်ပြင်ရောက်ရင်လဲ roller coaster ကိုကြောက်ကြောက်နဲ့ စီးလိုက်ရမှ၊ ပင်လယ်ဓားပြလှေကိုလဲ အလွတ်မပေးဘဲတက်စီးလိုက်ရမှ အိမ်ပြန်ကြသူတွေပါ။ ဒါဖြင့်ရင် လူတွေက ကြောက်ရတာကို တကယ်ပဲကြိုက်နေကြတာလား။ ကြောက်ရမှာကို မကြောက်ကြဘဲ ဘာလို့ထပ်ထပ်လုပ်ချင်နေကြတာလဲ။ ကမ္ဘာဦးလူသားတွေအတွက်ကတော့ နေ့စဥ်ဘဝကြီးက သားရဲအန္တရာယ်တွေနဲ့မို့ ကြောက်လန့်နေရချိန်များပါတယ်။ကြောက်လန့်တဲ့အခါ ခန္ဓာကိုယ်ထဲက sympathetic nervous system ဆိုတဲ့ စနစ်ကြီးကအသက်ဝင်လာပါတယ်။ အဲ့စနစ်က adrenaline ဆိုတဲ့ဟော်မုန်းတွေထုတ်ပေးလို့ ခန္ဓာကိုယ်က ချက်ချင်းပြောင်းလဲသွားပါတယ်။ အမြင်အာရုံတွေနိုးကြားလာတယ်။နှလုံးခုန်နှုန်းတွေမြန်လာပြီး အသက်ရှူသံတွေကျယ်လာတယ်။ကြွက်သားတွေဆီကိုသွေးများများရောက်လို့ ခွန်အားတွေပိုတက်လာတယ်။စွမ်းအင်တွေပြည့်လာသလိုခံစားရတယ်။ အဲ့ဒီအခါ အန္တရာယ်ကို ပြန် ချရင်ချ။မချနိုင်ရင်ထွက်ပြေးလို့ရအောင် bodyContinue reading “ကြောက်တတ်တယ်ဆိုပြီး ဘာလို့သရဲကားပဲရွေးကြည့်နေကြတာလဲ?”
ကိုဗစ်အလွန်ကမ္ဘာကြီးမှာ ဘာတွေပြောင်းလဲသွားမလဲ?
ကိုဗစ်ရောဂါကြီးပြီးဆုံးသွားတဲ့အခါ ကျနော်တို့ ကမ္ဘာမှာ အပြောင်းအလဲတွေ အများကြီးဖြစ်သွားမှာ သေချာပါတယ်။ Game changer ဖြစ်ခဲ့တဲ့ covid ရောဂါက လူတွေတခါမှမကြုံဖူးတဲ့ စိတ်ဒဏ်ရာတွေ၊ stress တွေ အများကြီးထားခဲ့ပြီးပါပြီ။ ကိုဗစ်အလွန်ကာလကြီးမှာ ဘာတွေဆက်ဖြစ်လာမလဲဆိုတာ လူတိုင်း သိချင်နေကြမှာပါ။ ကျနော်နဲ့အတူတူ အနာဂတ်ကမ္ဘာကြီးကို ခဏလောက်လိုက်ကြည့်ရအောင်။ စီးပွားရေးဖက်ကပြောရရင်တကမ္ဘာလုံးက စီးပွားရေးကပ်နဲ့ကြုံနေရပြီး အငတ်ဘေးတွေ ကြုံတွေ့ထားပါတယ်။ အနာဂတ်မှာတော့ စီးပွားရေးကို နာလန်ထူအောင်ပြန်လုပ်ကြရင်း ပြိုလဲထားတဲ့ စျေးကွက်တွေကိုပြန်ထူထောင်ကြရမှာပါ။ အထူးသဖြင့် Cryptocurrency တွေပိုခေတ်စားလာပြီး Cash တွေတဖြေးဖြေးမသုံးသလောက်ကိုဖြစ်သွားကြတော့မှာပါ။ ကျနော်တို့ဆီမှာတောင် Mobile banking တွေ ATM တွေနဲ့ အသားကျလာပြီး လူငယ်တွေဆို Bitcoin ဖက်ကိုပါလှည့်လာကြပါပြီ။ လုပ်ငန်းခွင်မှာဆိုလဲ တချို့အလုပ်အကိုင်တွေပျောက်ကွယ်သွားတော့မယ်လို့ ခန့်မှန်းနေကြပါတယ်။ အထူးသဖြင့် စက်နဲ့လုပ်ကိုင်ရတဲ့အလုပ်တွေ၊ လူမလိုဘဲ စက်ရုပ်နဲ့ထိန်းချုပ်တဲ့ အလုပ်တွေကContinue reading “ကိုဗစ်အလွန်ကမ္ဘာကြီးမှာ ဘာတွေပြောင်းလဲသွားမလဲ?”