မနေ့က Science nuts page cb မှာ စာဖတ်သူတယောက်က အပေါ်ကခေါင်းစဥ်ရဲ့ အဖြေသိချင်လို့ဆိုပြီး လာမေးပါတယ်။ ကျနော်တို့လဲ အထင်တလုံးနဲ့ ထင်တာဖြေပေးမိလိုက်ပါတယ်။ ညကျအဲ့ကိစ္စရဲ့ အဖြေကို မကျေနပ်နိုင်သေးပဲ ထပ်ရှာကြည့်မိပါတော့တယ်။ ဟိုက်ရှားပါး… တခြားတိုင်းပြည်ကလူတွေကလဲ အဲ့လို ကြံကြံဖန်ဖန် မေးထားကြတာပဲ။ ဖြေတဲ့သူတွေကလဲ အများကြီးနဲ့ အဖြေတွေကလဲ အစုံပါပဲ။ ဘယ်သူ့အဖြေမှန်လဲဆိုတာကို ကျနော်တို့လိုက်ရှာကြတဲ့အခါ လက်ခံနိုင်ဖွယ်ရှိတဲ့ အဖြေတချို့ကိုတွေ့လာပါတယ်။ အဲ့အဖြေလေးတွေကို ဒီနေ့စုပြီး ပြန်ပြောပြသွားပါမယ်။ ပထမဆုံးဖြစ်နိုင်တဲ့ အဖြေက ပါးစပ်အကျဥ်းအကျယ်ကွာတဲ့ ကိစ္စကြောင့်ပါ။ ဖူးးး လို့မှုတ်ရင် နှုတ်ခမ်းကိုစူပြီး ပါးစပ်ကျဥ်းထားရပါတယ်။ ဟာာ လို့မှုတ်ရင်ကျ ပါးစပ်ကျယ်ကျယ်ဖွင့်ထားရပါတယ်။ Physics သဘောအရ ကျဥ်းတဲ့နေရာကို လေကဖြတ်တဲ့အခါ pressure ကျပြီး အရှိန်မြန် (velocity) လာပါတယ်။ ဖူးးး လို့မှုတ်ရင်Continue reading ““ဖူးးး”လို့ မှုတ်တဲ့လေကအေးပြီး “ဟာာ” လို့မှုတ်တဲ့လေက ဘာလို့ပူရတာလဲ?”
Author Archives: Science Nuts
တည်ငြိမ်လွန်းတာလား၊ အကြောက်လွန်သွားတာလား?
ဒါမျိုးခပ်ဆင်ဆင် တစ်ပုဒ်တော့ အရင်ကရေးဖူးပါတယ်။ ဒါပေမယ့် အခုရေးမှာက ဒီအကြောင်းတစ်ခုတည်းကို ရည်ရွယ်ပြီးရေးမှာပါ။လူတွေဟာ ကိုယ့်ကိုကိုယ် ပြဿနာတွေကြားမှာ တည်တည်ငြိမ်ငြိမ်ပဲ ရှိနေတယ်လို့ ထင်တတ်ကြတယ်။ ဒါဟာ တကယ်ပဲလား… ဆိုတာ သေချာသိအောင် ပြောချင်ပါတယ်။စကားသိပ်မရှည်တော့ပါဘူး။ စလိုက်ပါတော့မယ်။ လူတွေက ပြဿနာကြီးကြီးမားမားတစ်ခုကို ကြုံလာတဲ့အခါ ဒီပြဿနာကို ပုံမှန်ဖြတ်သန်းနေတဲ့ နေ့စဉ်ဘဝထဲက အမြင်နဲ့ပဲ ရှုမြင်တတ်ကြပါတယ်။ဘယ်လောက်ပဲ မကြုံဖူးတဲ့ကိစ္စ၊ ထူးဆန်းတဲ့ကိစ္စပဲဖြစ်ဖြစ် ပုံမှန်အတိုင်းပဲမြင်ပြီး တုံ့ပြန်တတ်ပါတယ်။ တစ်ခုပဲ စဉ်းစားကြည့်ပါ။ ကိုယ်စီးလာတဲ့ လေယာဉ်က လေယာဉ်ကွင်းထဲဆင်းတဲ့အချိန်မှာ ဘီးချော်ပြီး မှောက်သွားတယ်၊ မီးထလောင်တယ်ဆိုရင် ဘာလုပ်မလဲ?ကိုယ်နဲ့ ပါလာတဲ့သူကို ဆွဲပြီး လွတ်ရာအပေါက်ကနေ ပြေးမှာပေါ့ဟ… လို့ ဖြေကြမှာပါ။ ဒါပေမယ့် တကယ့်လက်တွေ့မှာ လူတော်တော်များများက အဲ့လိုမတုံ့ပြန်နိုင်ဘူးဆိုရင် ယုံနိုင်မလား။ ၁၉၇၇ ခုနှစ်တုန်းက ကနေရီကျွန်းက လေယာဉ်ကွင်းတစ်ခုမှာ လေယာဉ်နှစ်စင်းတိုက်မိဖူးတယ်။Continue reading “တည်ငြိမ်လွန်းတာလား၊ အကြောက်လွန်သွားတာလား?”
“ဘူး” များအကြောင်း (Déjà vu, Jamais vu & Presque vu)
ကျွန်တော်ငယ်ငယ်က ခရီးရှည်တစ်ခုသွားတော့ ညလယ်ခေါင်မှာ ကားခဏနားတယ်။ အဲ့ဒီကာလက ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးလည်း မပေါ်သေးတော့ လမ်းတွေက ဆိုးချက်ပဲ။ခုခေတ်လိုမျိုး ၁၁၅ မိုင်မှာနားမယ်ဟေ့ ဆိုပြီး စည်စည်ကားကား သိုက်သိုက်ဝန်းဝန်းနေရာတစ်ခုလည်း မရှိသေးဘူး။ ကားသမားတွေနဲ့ လက်ဝါးချင်းရိုက်ထားတဲ့ဆိုင်တွေမှာပဲ နားကြတာများတယ်။ အဲ့ဒီတုန်းက ကားခဏရပ်တော့ အထက်တန်းကျောင်းကြီး တစ်ကျောင်းနားမှာ ဖြစ်နေတယ်။ လှမ်းကြည့်နေရင်းနဲ့ ရင်ထဲမှာ ဒိန်းကနဲ ဖြစ်သွားတယ်။ ဒီကျောင်းကြီးကို ငါ့အိပ်မက်ထဲမှာ ရင်းရင်းနှီးနှီးမြင်ဖူးနေတယ်။ ဒါတွေက ကြုံဖူးပြီးသား ကိစ္စကြီးတစ်ခုလိုပဲ။ ကိုယ်နောက်တစ်စက္ကန့်နေရင် ဘာပြောတော့မယ်ဆိုတာကိုပါ တွေးလို့ရနေတယ်။အဲ့ဒီတုန်းကတော့ ငါ့မှာ Superpower တွေရှိနေတာလားမသိဘူးဆိုပြီး ကလေးပီပီ တွေးမိပါသေးတယ်။အသက်ကြီးလာတော့ သိလာရတာက ဒါဟာ Déjà vu ပါ။ Déjà vu ဆိုတာ ပြင်သစ်စကားပါ။ သူ့ရဲ့အဓိပ္ပါယ်က “Already Seen” လို့Continue reading ““ဘူး” များအကြောင်း (Déjà vu, Jamais vu & Presque vu)”
ဖြစ်တည်မှု ပဓာနဝါဒ (Part 2)
ဖြစ်တည်မှုဆိုတာ လူသားတစ်ယောက်ရဲ့ ပင်ကိုယ်ဟန်နဲ့ ပတ်ဝန်းကျင်က ပြဌာန်းချက်တို့ကြားက ပဋိပက္ခ ဖြစ်ပါတယ်။ ထိုပဋိပက္ခဟာ အမြဲတန်း လူတစ်ယောက်ဆီမှာ ရှိနေပြီး ပတ်ဝန်းကျင်ရဲ့ ပြဌာန်းချက်က အမြဲလွှမ်းမိုးထားပါတယ်။ ဥပမာ – ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ပါ။ ငါဘယ်သူလဲ။မောင်ဘလာဘလာ (မိဘက ပေးထားသောနာမည်) ငါဘာလဲ။ကျောင်းသား (society ရဲ့ စံအရ ကျောင်းတက်နေရ) ငါဘာလုပ်မှာလဲ။ငွေရှာမယ်၊ လှူတန်းမယ်၊ အိမ်ထောင်ပြုမယ် စသဖြင့်။ (society က သတ်မှတ်ပြဌာန်း)ဒီနေရာမှာ ငါလုပ်ချင်လို့ လုပ်တာလို့ စောဒက တက်နိုင်ပါတယ်။ နောက်ပိုင်းသေချာ ရှင်းပြပါ့မယ်။ Jean Paul Sarte ဟာ Existentialism နဲ့ ပတ်သက်ပြီး စာအုပ်တွေ ရေးသားခဲ့တာတွေ ရှိပါတယ်။ အဲ့စာအုပ်တွေထဲက နာမည်ကျော် စကားတစ်ခွန်း ရှိပါတယ်။ “Humans areContinue reading “ဖြစ်တည်မှု ပဓာနဝါဒ (Part 2)”
ဖြစ်တည်မှု ပဓာနဝါဒ (Part 1)
Existentialism ဆိုရင် လူတွေ သိပ်သိကြမှာ မဟုတ်ပေမယ့် Existential Crisis ဆိုရင် လူတွေ သိကြမှာပါ။ ဖြစ်တည်မှု အကြပ်အတည်းလို့ခေါ်တယ်။ လူတွေက ကိုယ့်ရဲ့ဖြစ်တည်မှုကို ပြန်ပြီး ရှာဖွေကြ မေးခွန်းထုတ်မိကြတဲ့ အခိုက်အတံ့ပေါ့နော်။ Existentialism ဆိုတာ Existential Crisis ဖြစ်လာဖို့ အစပြုစေတဲ့ ဝါဒပဲ ဖြစ်ပါတယ်။ လူသားတွေရဲ့ ဖြစ်တည်မှု၊ ပုဂ္ဂလဘဝကို ဗဟိုပြုပြီး စဥ်းစားတွေးခေါ်ကြတာပေါ့။ ဒီဝါဒဟာ ဒဿနကို လေ့လာသူတွေနဲ့ မစိမ်းလှပါဘူး။ ဘာဖြစ်လို့လဲဆိုရင် ထင်လင်း ဘာသာပြန် စည်းအပြင်ကလူ၊ ပလိပ် စတဲ့ ဝတ္ထုတွေဟာ ဒီဝါဒကို အခြေခံပြီး ရေးသားထားတာတွေ ဖြစ်လို့ပါပဲ။ Existentialism ဟာ Kiergegard ဆိုတဲ့ Philosopher ကနေ အစပြုခဲ့တာ ဖြစ်ပေမယ့် နာမည်မကြီးခဲ့ပါဘူး။Continue reading “ဖြစ်တည်မှု ပဓာနဝါဒ (Part 1)”