Part 1 မဖတ်ဘဲ ဒါကိုဖတ်မိရင်တော့ တခြားကမ္ဘာရောက်သွားတယ်လို့ ထင်သွားပါလိမ့်မယ်။
အောက်ပါပုံကို Part 3 မှာလည်းဆက်ပြီး အသုံးပြုသွားမှာပါ။

Electroweak Epoch (10-32second to 10-12second)
နာမည်အတိုင်းပါပဲ။ Electroweak ဆိုတာ Electromagnetic Force နဲ့ Weak Nuclear Force ၂ခုပေါင်းနေတာကိုခေါ်တာပါ။
Strong Nuclear Force က အား ၃ခုထဲကနေခွဲထွက်သွားခဲ့တုန်းက Quarks တွေအချင်းချင်း React လုပ်ကြပြီးတော့ Exotic Particles (eg. W and Z bosons, Higgs bosons) တွေဖြစ်လာကြပါတယ်။
(Bosons တွေအကြောင်းထပ်ရေးရင်လည်း နောက် Article တစ်ခုလိုဦးမှာပါ)

Electroweak Symmetry Breaking & Quark Epoch (10-12second to 10-6second)
အပူချိန်ကျလာရင်းနဲ့ တစ်နေရာကိုရောက်တဲ့အခါမှာ Electromagnetic Force နဲ့ Weak Nuclear Force တွေဟာ ၁ခုစီကွဲထွက်သွားပါတယ်။
ဒါပေမယ့် သူတို့ ၂ခုကွဲထွက်သွားတာဟာ Strong Nuclear Force ကွဲထွက်သွားသလိုမျိုး ဟင်းလင်းပြင်အချိန် ပြန့်ကားခြင်းကိုမဖြစ်စေတော့ပါဘူး။
ခုကာလမှာ Baryogenesis ဆိုတဲ့ဖြစ်စဉ်ကြောင့် Quark တွေဟာ Antiquark တွေထက်နည်းနည်းပိုများနေတယ်။
(Quarks-Antiquarks အတွဲပေါင်း 1 billion မှာ Quark ၁ခုပိုဖြစ်လာတာပါ)
Quarks နဲ့ Antiquarks တွေ အချင်းချင်းချေဖျက်ကြတယ်။ အဲ့တော့ အကုန်ပျက်စီးကုန်တာပေါ့။
Baryogenesis ဖြစ်စဉ်ကြောင့် Quark တစ်ခုပိုရခဲ့တဲ့အတွက် သူတို့တွေချည်းပဲကျန်ခဲ့တာပေါ့။
အဲ့ဒီ လက်ကျန် Quarks လေးတွေကပဲ ကျွန်တော်တို့ ခုလက်ရှိမြင်နေရတဲ့ စကြဝဠာကြီးဖြစ်လာစေတာပါ။

Hadron Epoch (10-6second to 1 second)
ခုမှ စကြဝဠာအစကနေ တစ်စက္ကန့်ကိုရောက်လာတာပါ။
ခုအချိန်မှာတော့ Quarks တွေပေါင်းပြီး Particles (Proton, Neutron) တွေဖြစ်လာပါပြီ။
Proton နဲ့ Neutron ကို Hadron လို့လည်းခေါ်ပါတယ်။
ဒီကာလမှာတော့ အချင်းချင်းပေါင်းလိုက်၊ ကွဲလိုက်နဲ့ ဇာတ်ရှုပ်နေကြပါတယ်။
(ဒါတွေ မသိလည်းရတာမို့ ကျော်လိုက်ပါပြီ)

Lepton Epoch (1 second to 3 minutes)
Hadron တွေ Anti-Hardron တွေ အချင်းချင်း ဖျက်စီးကြတော့ ခုချိန်မှာ Lepton တွေနဲ့ Anti-Lepton တွေပဲကျန်ပါတော့တယ်။
သူတို့လည်း အချင်းချင်းချေဖျက်ကြပါတယ်။ Lepton အနည်းငယ်ပဲကျန်ခဲ့ပါတယ်။

Nucleosynthesis (3 minutes to 20 minutes)
ခုကာလမှာ အပူချိန်က Nucleus ဖြစ်ဖို့အတွက် အဆင်ပြေနေပြီမို့ Proton နဲ့ Neutron တွေပေါင်းသွားကြပါတယ်။
(Nuclear Fusion နည်းအရပေါင်းတာပါ၊ ဒီအကြောင်းကို Quantum Mechanics မှာအနည်းငယ်ရေးထားပါတယ်)
အဲ့ဒါကြောင့် Periodic Table က ပထမ Element ၃ခုဖြစ်ဖို့လိုအပ်တဲ့ Nucleus တွေ ဖြစ်လာပါတယ်။ (Hydrogen, Helium, Lithium)
ဘာလို့ အဲ့ဒီထက်ကြီးတဲ့အထိ ဆက်မဖြစ်တော့တာလဲဆို အပူချိန်က တဖြည်းဖြည်းနည်းလာတဲ့အတွက်ကြောင့်ပါ။

Photon Epoch (3 minutes to 240,000 years)
အစောပိုင်းမှာ Leptons-Antileptons အချင်းချင်းချေဖျက်ကြတဲ့အတွက် ထွက်လာတဲ့ Photon တွေဟာ ပြန့်ကျဲနေပါတယ်။
ဒါပေမယ့် Nucleus တွေ Electron တွေကြားမှာရောက်နေတဲ့အတွက် သူတို့ခြေဆန့်လို့မရသေးပါဘူး။ (ပြောချင်တာက မှောင်မဲနေသေးတယ်၊ ဘာမှမမြင်ရသေးဘူး)

Recombination & Decoupling (240,000 years to 380,000 years)
Electron တွေနဲ့ Nucleus တွေပေါင်းပြီး Atom တွေစဖြစ်ပေါ်လာတယ်။ ဒါကို Recombination လို့ခေါ်တယ်။
အဲ့လိုပေါင်းသွားတဲ့အတွက်ကြောင့် သူတို့ ၂ခုကြား ပိတ်မိနေတဲ့ Photon တွေဟာ လွတ်လွတ်လပ်လပ် စကြဝဠာအနှံ့ကို ခြေဆန့်ခွင့်ရသွားကြပါတယ်။
ဒါကို Decoupling လို့ခေါ်ပါတယ်။
ဒီကာလမှာ Hydrogen 75%, Helium 25% နဲ့ Lithium အနည်းငယ်ကို တွေ့နေရပါပြီ။

Part 2 ကိုအနှစ်ချုပ်ပြောရရင်တော့ Quarks တွေအချင်းချင်း တွဲလိုက်၊ ကွဲလိုက်နဲ့ Drama ဇာတ်လမ်း တစ်ပုဒ်လိုပဲလို့ ဆိုရမှာပါ။ (ဒါပေမယ့် ဒီ Drama မှာဖြစ်တာ၊ ပျက်တာတွေများလွန်းတော့ ဘာတွေဖြစ်နေလဲ လိုက်မမီတာတစ်ခုပါပဲ)
Part 3 မှာ ဂိတ်ဆုံးပါပြီ။ ဆက်ဖတ်ပေးပါဦး။
SAGAN
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။







